Entertainment: မွေးနေ့မှာ စိုးမြတ်နန္ဒာ အလှူလုပ်မယ်

တရားပွဲအလှူကို လာရောက်ဖို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေတစ်ဆင့် ဖိတ်ကြားထားပါတယ်။

play

 

ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် (၃၆) နှစ်ပြည့် မွေးနေ့အတွက် သရုပ်ဆောင် စိုးမြတ်နန္ဒာကတော့ မွန်မြတ်တဲ့အလှူတစ်ခု ပြုလုပ်မှာပါ။

မွေးနေ့ ညဘက်မှာ ဆရာတော်ဘဒ္ဒန္တဒေါက်တာနန္ဒမာလာ ဘိဝံသရဲ့ တရားအလှူပွဲ ကျင်းပပေးဖို့ အစီအစဉ်ရှိလို့ ပရိသတ်တွေကိုလည်း ဖိတ်ကြားထားပါတယ်။ တရားပွဲအလှူကိုတော့ ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီမှာ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ဇမ္ဗူသီရိဗိမာန်တော်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

play

 

စိုးမြတ်နန္ဒာဟာ လက်ရှိအချိန်မှာတော့ အနုပညာလှုပ်ရှားမှု အားနည်းနေပြီး သူငယ်ချင်းတွေနဲ့အတူ Karat Silk ပိုးထည်ဆိုင်ကို ဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် အဘိဓမ္မာသင်တန်းကိုလည်း တက်ရောက်နေတယ်လို့ သိရပါတယ်။

Source & Photo : စိုးမြတ်နန္ဒာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ