Entertainment: မြောက်ကိုရီးယား ပေါ့ပ်အဖွဲ့ရဲ့ ဘေဂျင်း ဖျော်ဖြေပွဲ ဖျက်သိမ်း

, updated

မြောက်ကိုရီးယား အမျိုးသမီး ပေါ့ပ်အဆိုတော်အဖွဲ့ရဲ့ တရုတ်နိုင်ငံမှာ သီဆိုဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

play

 

မြောက်ကိုရီးယား အမျိုးသမီး ပေါ့ပ်အဆိုတော်အဖွဲ့ရဲ့ တရုတ်နိုင်ငံမှာ သီဆိုဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

play

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားတဲ့ အမျိုးသမီး ပေါ့ပ်အဆိုတော်အဖွဲ့ဟာ စနေနေ့ (ဒီဇင်ဘာ ၁၂ ရက်) က ဘေဂျင်းမြို့မှာ ဂီတဖျော်ဖြေပွဲ တင်ဆက်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဆက်သွယ်ဆောင်ရွက်မှု ကိစ္စရပ်တွေကြောင့် ပွဲကို ဖျက်သိမ်းခဲ့တာလို့ ဆိုပါတယ်။

play

 

မိုရန်ဘွန်းဂ်လို့ အမည်ပေးထားတဲ့ မြောက်ကိုရီးယား အမျိုးသမီး ပေါ့ပ်အဆိုတော်အဖွဲ့ဟာ ဘေဂျင်းမြို့ရှိ သူတို့ တည်းခိုတဲ့ ဟိုတယ်ကနေ စနေနေ့ နေ့လယ်ပိုင်းမှာ ပြန်လည် ထွက်ခွာသွားပါတယ်။

play

 

ကင်မ်ဂျုံအန်း ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားတဲ့ ပေါ့ပ်အဆိုတော်အဖွဲ့မှာ ချောမောလှပတဲ့ မြောက်ကိုရီးယား အမျိုးသမီးတွေ ပါဝင်ပါတယ်။

Source & Photo: www.reuters.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ