Entertainment: တေလာဆွစ် နှစ်ကိုယ်ခွဲ

ကိုယ်ပွားတစ်ယောက်ကို မြင်လိုက်ရလို့ တေလာဆွစ်တစ်ယောက် အရမ်း အံ့သြသွားပါတယ်။

play

 

1989 ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် သြစတေးလျကို ရောက်ရှိနေတဲ့ အဆိုတော်လေး တေလာဆွစ်တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွားရပါတယ်။

play

အိုလီဗီယာ၊ အိုလီဗီယာရဲ့ သူငယ်ချင်း ခရစ္စတီလီ နဲ့ တေလာဆွစ်တို့ မဲလ်ဘုန်းမှာ ဆုံကြစဉ်

အကြောင်းကတော့ သူမနဲ့ တော်တော်ကြီးကို တူနေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရလို့ပါ။

အိုလီဗီယာ စတားဂစ်ဆိုတဲ့ အသက် ၁၉ နှစ် အရွယ် ကောင်မလေးတစ်ယောက်ဟာ တေလာဆွစ်နဲ့ တူလွန်းလို့ လူတွေက တေလာဆွစ်လို့ ထင်နေကြပါတယ်။ နောက်ဆုံးမှာတော့ တေလာဆွစ်နဲ့ သူမတို့ မဲလ်ဘုန်းမှာ မျက်နှာခြင်းဆိုင် ဆုံတွေ့ဖြစ်ခဲ့ကြတာပါ။

play

တေလာနဲ့ တူအောင် ပြင်လိုက်တဲ့အခါ

တေလာဆွစ်ရဲ့ ရှိုးပွဲကို သွားဖို့အတွက် အိုလီဗီယာဟာ သူမရဲ့ ဆံနွယ်ရှည်တွေကိုလည်း တေလာဆွစ်နဲ့ ပိုပြီးတူသွားအောင် ညှပ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် တေလာ ဝတ်နေကြပုံစံ အဝတ်အစားမျိုးကို ဝတ်ဆင်ပြီး အနီရဲရဲ နှုတ်ခမ်းနီလေး ဆိုးထားလိုက် တဲ့အခါ လူတွေက တကယ့် တေလာဆွစ်လို့ ထင်သွားကြပါတယ်။

play

သူမရဲ့ အင်စတဂရမ်မှာ ပုံတွေတင်တဲ့အခါ hashtag ကို သုံးပြီး #NoItsLiv လို့ တွဲပြီး ရေးသားပါတယ်

 

Source & Photo : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ