Entertainment: ပရိသတ်ကြောင့် နောက်မဆုတ်ခဲ့တဲ့ ရွှေထူး

ဒီလိုနေ့ကိုရောက်ဖို့ အများကြီး ပေးဆပ်ခဲ့ရသလို အများကြီး အနှိမ်ခံခဲ့ရပေမဲ့ ပရိသတ်ဆိုတဲ့စိတ်ကြောင့် နောက်မဆုတ်ခဲ့တာပါလို့ အဆိုတော်ရွှေထူးက ပြောပါတယ်။

play

 

ပထမဆုံး စီးရီးကို ပူပူနွေးနွေး ထွက်ရှိထားတဲ့ လူငယ်အဆိုတော် ရွှေထူးက သူ့ရဲ့ အပျော်ဆုံးနေ့ကို ဖွင့်ဟလိုက်ပါပြီ။

play

 

ရွှေထူးအတွက်တော့ သူ့ရဲ့ ဘဝထဲက အပျော်ဆုံး နေ့တစ်နေ့ဟာ "စိတ်ကူးယဉ်စာအုပ်"လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်စီးရီး စတင်ဖြန့်ချိခဲ့တဲ့နေ့ပါပဲ။ အဆိုပါ စီးရီးကို ဒီဇင်ဘာ ၃ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး လှည်းတန်းစင်တာမှာ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါသေးတယ်။

play

 

ဒါကြောင့် ရွှေထူးအတွက်တော့ ဒီဇင်ဘာ ၁၃ ရက်ဟာ ချစ်ရတဲ့ မိသားစုအတွက် တာဝန်ကျေခဲ့တဲ့နေ့၊ ပရိသတ်တွေနဲ့အတူ သီချင်းတွေ အော်ဆိုခဲ့ရတဲ့နေ့ဖြစ်လို့ ဘဝရဲ့ အပျော်ဆုံးနေ့ဖြစ်တယ်လို့ သူက ပြောတာပါ။

 

Source & Photo : ရွှေထူးဖေ့စ်ဘွတ်, Mizzima-News in Burmese

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ