Entertainment: အဒ် ရှီယန် လူမှုကွန်ရက် မသုံးတော့ပါ

လူမှုကွန်ရက်အကောင့်တွေနဲ့ ဖုန်းဖြေဆိုမှု၊ အီးမေးလ်တွေကိုပါ ရပ်နားမှာဖြစ်လို့ ပရိသတ်ကိုလည်း တောင်းပန်ထားပါတယ်။

play

 

အဒ် ရှီယန်တစ်ယောက် သူ့ရဲ့ လူမှုကွန်ရက်အသုံးပြုမှု ရပ်နားလိုက်တာကြောင့် သူ့ရဲ့ ပရိသတ်တွေကတော့ မချင့်မရဲဖြစ်နေကြပါ တယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပုံအရ အဒ် ရှီယန်ဟာ လူမှုကွန်ရက်အကောင့်တွေ၊ ဖုန်းဖြေဆိုမှုတွေနဲ့ အီးမေးလ်တွေကနေ အချိန်အတော်ကြာ ရပ်နားထားမယ့်သဘော ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အောင်မြင်လာခဲ့အလျောက် သူဟာ ကမ္ဘာကြီးကို ဖန်သားပြင်ပေါ်ကပဲ ကြည့်ခွင့်ရခဲ့ပြီး မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့်မရခဲ့ပါဘူးတဲ့။ ဒါကြောင့် လူမှုကွန်ရက် အသုံးပြုမှုတွေကို နားထားပြီး ကမ္ဘာအနှံ့ ခရီးနှင်ရင်း သူ့ရဲ့ ပျောက်ဆုံးနေတဲ့ လွတ်လပ်မှုတွေကို ရှာဖွေတော့မှာပါ။

play

 

သူ့ရဲ့ တတိယမြောက် အယ်လ်ဘမ်အတွက်လည်း လုပ်စရာရှိတာတွေ ဆက်လုပ်နေဦးမှာဖြစ်ပြီး လာမယ့် ဆောင်းဦးရာသီရောက်မှ ပြန်ဆုံမယ်လို့လည်း နာမည်ကျော် အဆိုတော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

 

ှSource & Photo : Ed Sheeran Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ