Entertainment: စိုးသူ ရန်ကုန်ရှိုးပွဲ ရွှေ့ဆိုင်း

1 Night in Mandalay ကို နိုဝင်ဘာ ၃၀ မှာ ကျင်းပနိုင်ခဲ့ပေမယ့် ရန်ကုန်ရှိုးပွဲကတော့ နေရာအခက်အခဲကြောင့် ကျင်းပမယ့် နေ့ရက်ကို ရွှေ့ဆိုင်းထားရပါတယ်

play

 

အနုပညာလောကထဲ တစ်ကျော့ပြန် ဝင်ရောက်လာပြီးနောက်မှာ အဆိုတော် စိုးသူဟာ အမြတ်နိုးဆုံး မင်းအကြောင်းလေး အမည်နဲ့ တေးစီးရီးခွေကို ထွက်ရှိခဲ့ပါတယ်။

play

 

အဲ့ဒီခွေ ထွက်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ တစ်ကိုယ်တော်ရှိုးပွဲကို ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး မန္တလေးရှိုးပွဲကိုတော့ နိုဝင်ဘာ ၃၀ မှာ ပြုလုပ်ခဲ့တာပါ။ 1 Night in Yangon လို့ အမည်ပေးထားတဲ့ ရန်ကုန်ရှိုးပွဲကိုတော့ ဒီဇင်ဘာ ၂၀ ရက်မှာ ပြုလုပ်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် နေရာအခက်အခဲကြောင့် ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ရှိုးပွဲ ပြန်လည်ကျင်းပမယ့် နေ့ရက်ကို မကြာမီ ကြေညာသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Source & Photo : စိုးသူဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ