Entertainment: ရန်ကုန်နှင့် မန္တလေးမှာ ကျင်းပမည့် အိုင်းရင်းခရော့စ် ဖျော်ဖြေပွဲများကို တိုက်ရိုက်ပြသရန် မရှိ

တောင်ကြီးမြိ့တွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲများကဲ့သို့ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည်မဟုတ်ကြောင်း သိရသည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ နောက်ဆုံးပတ်၌ အိုင်းရင်းခရော့စ်၏ ဖျော်ဖြေပွဲများကို ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်ရန် အစီအစဉ် ရှိကြောင်းနှင့် တောင်ကြီးမြိ့တွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲများကဲ့သို့ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်မဟုတ်ကြောင်း သိရသည်။

play

 

မန္တလေးမြို့ ဖျော်ဖြေပွဲကို ဒီဇင်ဘာ (၂၅) ရက်နေ့ ည တွင် Mandalay Hill Resort ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ပြီး လက်မှတ် များကို ငွေကျပ် ၁၀,၀၀၀ နှင့် ၂၀,၀၀၀ သတ်မှတ်ထားကာ  မန်းသီရိတေးသံသွင်း၊ 501 Men's Collection ဆိုင် ၊ O-Zone ဖက်ရှင်ဆိုင်နှင့် မိုးနှင်းဝေ ဖိနပ်ဆိုင်များ၌ ရောင်းချပေးမည်ဖြစ်သည်။

play

 

ထို့အပြင် ရန်ကုန် ဖျော်ဖြေပွဲကို ဒီဇင်ဘာ (၃၁) ရက်တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး ဖျော်ဖြေပွဲကို ယင်းနေ့ ည (၉) နာရီ တွင် စတင်မည်ဖြစ်ကာ လက်မှတ်များကို ပွဲမကျင်းပမီ (၁၀) ရက်အလိုတွင် ရောင်းချပေးမည်ဖြစ်ပြီး 5 Network Showroom ၊ 4 Digital Main Showroom ၊The Sun Music ၊ စီးတီးမတ်မြေနီကုန်းနှင့် 1876 Call Center ၌ ကျပ် ၁၀,၀၀၀ ဖြင့် ၀ယ်ယူနိုင် မည်ဖြစ်သည်။

 

Photo: IC Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ