Entertainment: ဂျေလိုရဲ့ ပေါ့ပေါ့ပါးပါး ဆန်းဒေး ဖက်ရှင်

လော့စ်အိန်ဂျလိစ်မှာ တနင်္ဂနွေနေ့ နေ့လယ်ခင်းက အနားယူရင်း အေးအေးလူလူ လမ်းလျှောက်သွားတဲ့ ဂျေလိုရဲ့ ဖက်ရှင်က စတိုင်လ်ကျလို့နေပါတယ်။

play

 

အဆိုတော် ဂျနီဖာ လိုပက်ဇ် (ဂျေလို) ရဲ့ ပေါ့ပါ့ပါးပါး ဆန်းဒေးဖက်ရှင် ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်မှာ တနင်္ဂနွေနေ့ နေ့လယ်ခင်းက အနားယူရင်း အေးအေးလူလူ လမ်းလျှောက်သွားတဲ့ ဂျေလိုရဲ့ ဖက်ရှင်က စတိုင်လ်ကျလှပါတယ်။ ဂျေလိုက ခပ်ကျပ်ကျပ် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပါတယ်။

play

 

ကိုယ်ခန္ဓာ ကောက်ကြောင်းအလှမှာ နာမည်ကြီးတဲ့ ဂျေလိုက အသက် ၄၆ နှစ်ရှိပြီ ဖြစ်ပေမယ့် သူမရဲ့ ကိုယ်ခန္ဓာအလှကို ထိန်းသိမ်းထားနိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဂျေလိုက American Idol ရဲ့ အစီအစဉ် ရိုက်ကူးလျက်ရှိပြီး လာမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ လက်စ်ဗီးဂက်စ်မှာ လေးလကြာ ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေပါတယ်။

play

 

ဂီတနဲ့ သရုပ်ဆောင် နှစ်ခုလုံးမှာ အောင်မြင်တဲ့ ဂျေလိုရဲ့ သရုပ်ဆောင်မှုတွေကို လာမယ့် ဇန်နဝါရီ ၇ ရက်မှာ စတင် ထုတ်လွှင့်ပြသမယ့် Shades of Blue တီဗီ ဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ