Entertainment: ချစ်သူနဲ့ စေ့စပ်လိုက်တဲ့ အီဗာ လောင်ဂိုးရီးယား

အန်တိုနီယိုက ဒူဘိုင်းမှာ အားလပ်ရက် ခရီးထွက်စဉ် ပတ္တမြားလက်စွပ်နဲ့အတူ စေ့စပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ မင်းသမီးက ပြောပါတယ်။

play
ဒူဘိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ တွေ့ရတဲ့ အီဗာ

 

Desperate Housewives မင်းသမီး အီဗာ လောင်ဂိုရီးယားက သူမရဲ့ချစ်သူ ဂျို့စ် အန်တိုနီယို ဘက်စ်တွန်နဲ့ စေ့စပ်လိုက်ပြီလို့ ကြေညာပါတယ်။

play
ချစ်သူနဲ့ စေ့စပ်လိုက်ပြီလို့ ကြေညာထားတဲ့ အီဗာရဲ့ အင်စတာဂရမ် ဓာတ်ပုံ

 

အန်တိုနီယိုက ဒူဘိုင်းမှာ အားလပ်ရက် ခရီးထွက်စဉ် ပတ္တမြားလက်စွပ်နဲ့အတူ စေ့စပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ မင်းသမီးက ပြောပါတယ်။

play
ဒူဘိုင်းမှ Four Seasons ဟိုတယ်မှာ တွေ့ရတဲ့ အီဗာနဲ့ အန်တိုနီယို

 

အီဗာက ချစ်သူနဲ့အတူ ဒူဘိုင်းမှာ အပန်းဖြေ ခရီးထွက်စဉ် အနမ်းခြွေနေတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ လွှင့်တင်ခဲ့ပြီး Ummmm so this happened....#Engaged #Dubai #Happiness လို့ ရေးသားကာ သူတို့နှစ်ဦး စေ့စပ်လိုက်ပြီလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

play
မေလအတွင်း အတူတွေ့ရတဲ့ အီဗာတို့စုံတွဲ

 

အီဗာနဲ့ အန်တိုနီယိုတို့ဟာ ၂၀၁၃ ခုနှစ်မှ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ သူတို့စုံတွဲက ဒူဘိုင်းမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ကြပါတယ်။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ