Entertainment: လိမ္မော်ရောင်ဖက်ရှင်နဲ့ လှပနေတဲ့ ဘယ်လာသွန်း

ဇာတ်ကားသစ် ပရိုမိုးရှင်းအတွက် ရောက်လာတဲ့ ဘယ်လာသွန်းက လိမ္မော်ရောင်ရင့်ရင့် ကိုယ်ကျပ်ဝတ်စုံနဲ့ ဆွဲဆောာင်မှုကောင်းစွာ လှပနေပါတယ်။

play

 

ဆယ်ကျော်သက် မင်းသမီးလေး ဘယ်လာသွန်းက သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Alvin and the Chipmunks: The Road Chip ဇာတ်ကားသစ်ပရိုမိုးရှင်းအတွက် စတူဒီယိုမှာ စကားပြောခဲ့ပါတယ်။

play

 

ဇာတ်ကားသစ် ပရိုမိုးရှင်းအတွက် ရောက်လာတဲ့ ဘယ်လာသွန်းက လိမ္မော်ရောင်ရင့်ရင့် ကိုယ်ကျပ်ဝတ်စုံနဲ့ ဆွဲဆောာင်မှုကောင်းစွာ လှပနေပါတယ်။ ဘယ်လာသွန်းက Alvin and the Chipmunks: The Road Chip ဇာတ်ကားမှာ သူမ ပါဝင်သရုပ်ထားတဲ့ အကြောင်းကို ပြောခဲ့တာပါ။

play

 

ဒီ ဇာတ်ကားကို ဒီဇင်ဘာ ၁၈ ရက်မှ စတင်ပြီး အမေရိကန်မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် မင်းသမီးလေး ဘယ်လာသွန်းက လက်ရှိမှာ Pretty Little Liars တီဗီ ဇာတ်လမ်းတွဲအတွက်လည်း စတင် ရိုက်ကူးနေပါတယ်။

play

 

ဒါ့အပြင် ဘယ်လာသွန်းဟာ လာမယ့်နှစ်အတွင်း အနုပညာအလုပ်တွေ ဆက်တိုက် လုပ်သွားဖို့ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီ ၁၅ ရက်မှာ ရုံတင်ပြသသွားမယ့် Amityville: The Awakening သည်းထိရင်ဖို ဇာတ်ကားမှာလည်း ဘယ်လာသွန်းက မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ