Entertainment: မန္တလေး နန်းတော်ကြီးကို ဝတ်ဆင်တဲ့ အလှမယ်

ဝတ်စုံအပေါ် ပရိတ်သတ်တွေ အမြင်ကွဲလွဲနေကြပါတယ်။ တချို့ကတော့ အရမ်းသဘောကျနေကြသလို တချို့ကတော့ မနှစ်သက်ကြဘူးလို့ မှတ်ချက်ပေးနေကြပါတယ်။

play

 

အလှမယ်လေး မိုးယသော်ရဲ့ အမျိုးသားဝတ်စုံကြောင့် ဒီဇင်ဘာ ၁၅ ရက် နံနက်ရဲ့ ဖေ့စ်ဘွတ်ဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။

မလေးရှားမှာ ကျင်းပနေတဲ့ Miss Tourism Queen International 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နေတဲ့ မိုးယသော်ရဲ့ ပြိုင်ပွဲဝင် အမျိုးသားဝတ်စုံက အဆန်းကြီးဖြစ်နေလို့ပါ။ လောလောလတ်လတ်ကတင် ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်လိုက်တဲ့ သူမရဲ့ ဝတ်စုံက ဦးခေါင်းနဲ့ ပခုံးမှာ လေးလံကြီးမားတဲ့ အဆင်တန်ဆာတွေနဲ့ပါ။

play

 

ဒီဝတ်စုံကို ဒီဇိုင်နာ စုစုခိုင်ရဲ့ လက်ရာဖြစ်ပြီး မန္တလေး နန်းတော်ကို သက်ဝင်ခံစားကာ ဖန်တီးထားတယ်လို့ သိရပါတယ်။ မိုးယသော်ဟာ သူမရဲ့ အမျိုးသားဝတ်စုံကို ဒီကနေ့ (ဒီဇင်ဘာ ၁၅) မှာ ဝတ်ဆင်ယှဉ်ပြိုင်မှာပါ။

Source & Photo : မိုးယသော်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ