Entertainment: ဒိုင်ယာနာကြောင့် နာမည်ကြီးခဲ့တဲ့ အိတ်ခ်ျအိုင်ဗွီ ဆေးရုံကို မင်းသား ဟယ်ရီသွားလည်

မင်းသမီး ဒိုင်ယာနာက အေအိုင်ဒီအက်စ်ရောဂါဖြစ်နေတဲ့ လူနာတစ်ဦးကို အနမ်းပေးကာ အဲဒီရောဂါအပေါ် လူတွေကြောက်ရွံ့နေမှုကို ပယ်ဖျက်ပေးခဲ့ဖူးခဲ့တဲ့ နေရာဖြစ်တဲ့ လန်ဒန်က အိတ်ခ်ျအိုင်ဗွီဆေးရုံကို မင်းသား ဟယ်ရီက သွားလည်ခဲ့တာပါ။

play

 

မင်းသမီး ဒိုင်ယာနာက လန်ဒန်အရှေ့ပိုင်းရှိ Mildway ဆေးရုံကို ညဘက်သွားရောက်လည်ခဲ့ကာ အေအိုင်ဒီအက်စ်ရောဂါ ခံစားနေရသူတစ်ဦးကို အနမ်းပေးခြင်းနဲ့ အဲဒီရောဂါဆိုးရဲ့ အမည်းစက်ကို ပယ်ဖျက်ပေးခဲ့တဲ့ အကြောင်းကို ဟယ်ရီက ကြားသိထားပါတယ်။

play

Mildway ဆေးရုံတွင် မင်းသမီး ဒိုင်ယာနာက လူနာတစ်ဦးနှင့် တွေ့ဆုံခဲ့စဉ်။

မွေးကတည်းက အိတ်ခ်ျအိုင်ဗွီရောဂါခံစားနေသူဖြစ်ပြီး  အသက် ၂ နှစ်အရွယ်မှာ Great Ormond Street ဆေးရုံကို ဒိုင်ယာနာ လာလည်စဉ်က ဒိုင်ယာနာ့ရဲ့ ဒူးပေါ်မှာ ထိုင်ခဲ့ဖူးသူ၊ ယခု အသက် ၂၆ နှစ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးနဲ့လည်း မင်းသားက တွေ့ဆုံခဲ့ပါတယ်။

play

မိခင် ဒိုင်ယာနာရဲ့ ပုံတူပန်းချီအနီးတွင် ထိုင်ခဲ့သော မင်းသား ဟယ်ရီ။

လူနာများရဲ့ လက်ကို ဆွဲကိုင်ပြီး ရယ်မောစရာများ ပြောဆိုခဲ့တဲ့ မင်းသား ဟယ်ရီဟာ သူ့ရဲ့မိခင် ခြေရာကို နင်းနိုင်သူဖြစ်ကြောင်း ဝန်ထမ်းများက ပြောပါတယ်။

play

မင်းသား ဟယ်ရီငယ်စဉ်က ဒိုင်ယာနာနှင့်အတူ တွေ့ရစဉ်။

 “ဒီနေရာက လူနာတစ်ယောက်ကို အမေနမ်းခဲ့တဲ့ နေရာဖြစ်တယ်။ အဲဒါက ကြီးမားတဲ့ ဆောင်ရွက်ချက်လည်း ဖြစ်ခဲ့တယ်” လို့ ဟယ်ရီက ပြောရင်း အိတ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်ရောဂါအပေါ် လူတွေရဲ့ အမြင်ပြောင်းလဲပစ်ဖို့ ဒိုင်ယာနာရဲ့ ကြိုးပမ်းခဲ့မှုတွေကို အသိအမှတ်ပြုခဲ့ပါတယ်။

play

Mildway အသင်းအဖွဲ့၏ လာမည့်နှစ်တွင် နှစ် ၁၅၀ ပြည့်မည့် အထိမ်းအမှတ်အတွက် မင်းသားဟယ်ရီက ကျင်းပပေးခဲ့စဉ်။

သြစတြေးလျဒေါ်လာ ၁၂.၄၈ ဒေါ်လာတန် Mildway ဆေးရုံသစ်ဖွင့်ပွဲနဲ့ ယင်းအဖွဲ့ရဲ့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ဟယ်ရီက တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ှSource & Photos : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ