Entertainment: ဘီလ်ကော့စ်ဘီက သူ့အား လိင်ပိုင်းဆိုင်ရာ စော်ကားတယ်လို့ စွပ်စွဲခဲ့တဲ့ အမျိုးသမီးများကို တရားစွဲ

လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ အမျိုးသမီး ၄၀ ကျော်ရဲ့ စွပ်စွဲမှုကို ခံနေရတဲ့ အမေရိကန် သရုပ်ဆောင်၊ လူရွှင်တော် ဘီလ်ကော့စ်ဘီက အမျိုးသမီးအများအပြားဟာ ငွေကြေးရယူလိုမှုကြောင့် လိမ်ညာခဲ့ခြင်းဖြစ်တယ်လို့ ဆိုကာ အမျိုးသမီး ၇ ဦးအား တရားစွဲဆိုလိုက်ပါတယ်။

play

 

အဲဒီအမျိုးသမီးတွေက သူ့အပေါ် မလိုမုန်းထားပြီး အချောင်ရယူလိုကာ အသရေဖျက်တာ ဖြစ်တယ်လို့ ဟာသ မင်းသားက ပြောပါတယ်။

play

ဘီလ်ကော့စ်ဘီရဲ့ တင်ဆက်မှုတစ်ခုတွင် လာရောက်ဆန္ဒပြကြသူများ။

စွပ်စွဲချက်တွေကို အကြိမ်ကြိမ်ငြင်းပယ်နေတဲ့ ကော့စ်ဘီဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မူးယစ်ဆေးခတ်မှုနဲ့ မုဒိမ်းကျင့်မှုများနဲ့ အမျိုးသမီး များစွာရဲ့ စွပ်စွဲမှုကို ခံနေရသူဖြစ်ပါတယ်။

play

၁၉၉၀ ပြည့်နှစ်များအတွင်းက ဘီလ်ကော့စ်ဘီက သူ၏ Las Vegas ဟိုတယ်တွင် သူမအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကား ခဲ့တယ်လို့ ဆိုခဲ့တဲ့ ကာကွယ်ရေး ထောက်ပံ့ပို့ဆောင်ရေးဌာန စီမံအုပ်ချုပ်မှု ကျွမ်းကျင်သူ အန်ဂျယ်လာ လက်စလီ။

သူဟာ ဟောလိဝုဒ်မှာ ရထားတဲ့ သူ့ရဲ့အာဏာနဲ့ နေရာကို အသုံးချပြီး ဆယ်စုနှစ်များစွာ အတွင်း အမျိုးသမီးများကို ပြစ်မှတ်ထားကာ အရက်၊ ဆေးဝါးတို့ကို သုံးပြီး လိင်ပိုင်းဆိုင်ရာ စော်ကားနေသူဖြစ်တယ်လို့ စွပ်စွဲခံထားရသူပါ။

play

ဘီလ်ကော့စ်ဘီနှင့် ဇနီး ကမ်မယ်လီ။

အသက် ၅၀ နှစ်အရွယ်ရှိ ကော့စ်ဘီရဲ့ ဇနီး ကမ်မယ်လီကလည်း ခင်ပွန်းဘက်က ရပ်တည်ပေးပါတယ်။

အမျိုးသမီးများကို စိတ်ငြိမ်ဆေးတွေ ပေးခဲ့တာကိုတော့ ကော့စ်ဘီက တရားရုံးမှာ ဝန်ခံခဲ့ပေမယ့် အဆိုပါအမျိုးသမီးများက သူတို့ဆန္ဒအလျောက် ဆေးတွေကို သောက်သုံးခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

Source & Photos : News.com.au

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ