Entertainment: မယ်ကမ္ဘာ ၂၀၁၅ ပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

အဆိုပါ ပြိုင်ပွဲကို နိုင်ငံပေါင်း (၁၂၁) နိုင်ငံမှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

play

 

ယခုလ ဒီဇင်ဘာ (၁၉) ရက် တရုတ်နိုင်ငံတွင်ပြုလုပ်မည့် (၆၅) ကြိမ်မြောက် မယ်ကမ္ဘာ ၂၀၁၅ ပြိုင်ပွဲကို Channel 7 ရုပ်သံလိုင်းမှ ည (၇) နာရီတွင် တိုက်ရိုက်ထုတ် လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

play

 

မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ခင်ရတနာသိန်းမြင့် ဝင်ရောက်ယှဉ်ပြိုင်နေသော မယ်ကမ္ဘာပြိုင်ပွဲသည် မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ်သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ဝိုင်းလေး က သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

play

 

အဆိုပါ ပြိုင်ပွဲကို နိုင်ငံပေါင်း (၁၂၁) နိုင်ငံမှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

Photo: Khin Yadanar Thein Myint & Miss World Organization

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ