Entertainment: သုံးကြိမ်တိုင်တိုင် အသက် အန္တရာယ် ကျရောက်ခဲ့တဲ့ လီယိုနာဒို

ဟောလိဝုဒ်မင်းသား လီယိုနာဒို ဒီကက်ပရီယိုဟာ အသက်သေဆုံးနိုင်တဲ့ ဖြစ်ရပ်မျိုးတွေ ခဏခဏ ကြုံတွေ့ဖူးသူ ဖြစ်ပါတယ်။

play

 

လီယိုနာဒိုဟာ ငါးမန်းနှင့် မျက်နှာချင်းဆိုင်တွေ့ဖူးသလို သူစီးလာတဲ့ လေယာဉ် စက်ချွို့ယွင်းဖူးပြီး လေထီးနဲ့ ခုန်ဆင်းစဉ် လေထီးမပွင့်တဲ့ပြဿနာလည်း ကြုံဖူးတယ်လို့ ဆိုပါတယ်။

သူ့ခေါင်းနဲ့ လက်တကမ်းအကွာမှာ ငါးမန်းဖြူကြီးတစ်ကောင် ငါးကြိမ် ခြောက်ကြိမ်ဟပ်လိုက်တဲ့အကြောင်းကို မင်းသားက ပြန်ပြောပြပါတယ်။

play

ထွက်ရှိတော့မည့် The Revenant တွင် တွေ့ရသော လီယိုနာဒို။

 “ကျွန်တော် တောင်အာဖရိကမှာ ရေငုပ်တုန်းက ငါးမန်းဖြူကြီးတစ်ကောင်က ကျွန်တော့်ရဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်လာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ဝက်က လှောင်ချိုင့်ထဲရောက်နေပြီး ကျွန်တော့်ကို လှမ်းဟပ်တယ်” တဲ့။

ရုရှားပျံသန်းတဲ့ လေယာဉ်ပေါ်မှာ သူလိုက်ပါစဉ်က အင်ဂျင်ချွတ်ယွင်းတဲ့အတွက် နယူးယော့ခ်မှာ အရေးပေါ်မြေဆင်း လိုက်ရတဲ့အကြောင်းကိုလည်း ဒီကက်ပရီယိုက ပြောပြပါတယ်။

 “လေယာဉ်ရဲ့ တောင်ပံကို ကြည့်နေတုန်းမှာ တောင်ပံတစ်ခုလုံးက ပေါက်ကွဲသွားတယ်” လို့ သူက ဖြစ်ပျက်ပုံကို ပြန်ပြောပြပါတယ်။

play

 

နောက်ဆုံးတစ်ကြိမ်ကတော့ လေထီးခုန်စဉ် ဖြစ်တာပါ။

 “နှစ်ယောက်တွဲ ခုန်ဆင်းရတာ။ ပထမလေထီးကို ကျွန်တော်တို့ ဆွဲလိုက်တယ်။ ကြိုးကထုံးနေတယ်။ နောက်တစ်ခုကို သူက ဆွဲတယ်။ အဲဒီမှာလည်း ကြိုးထုံးနေပြန်ရော။ သူက ကြိုးကို ထပ်ခါထပ်ခါဆွဲတယ်။ ကျွန်တော်က မြေပြင်ဘက်ကို ထိုးဆင်းနေပြီ။ နောက်ဆုံးမှာတော့ သူ ကြိုးကို ဆွဲလိုက်နိုင်ခဲ့တယ်” လို့ လီယိုနာဒိုက ပြန်ပြောင်း ပြောပြပါတယ်။

ကောင်းကင်ပေါ်က ပြုတ်ကျတဲ့အရှိန်က မြန်လွန်းတဲ့အတွက် သူ့ခြေထောက်တွေ ကြိုးသွားနိုင်တယ်လို့ သူနဲ့အတူ လေထီးခုန်ဆင်းတဲ့လူက သူ့ကို သတိပေးခဲ့သေးတယ်လို့လည်း ဒီကက်ပရီယိုက ဆိုပါတယ်။

ှSource & Photos: Fox News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ