Entertainment: ဂျက်စတင်ဘီဘာနဲ့ ကော့တနီကာဒါရှီရန်ရဲ့ ဇာတ်လမ်းကို မယုံနိုင်တဲ့ ကန်ဒဲလ်ဂျန်နာ

ဂျက်စတင်နဲ့ ကော့တနီကာဒါရှီရန်ရဲ့ ဇာတ်လမ်းကို ဘယ်လိုမှမယုံနိုင်တဲ့ လူတွေရဲ့ စာရင်းထဲမှာ ကန်ဒဲလ်ဂျန်နာလည်း ပါသွားပါပြီ။

play

 

အသက် ၃၆ နှစ်ရှိတဲ့ ကော့တနီက အသက် ၂၁ နှစ်ရှိတဲ့ ဘီဘာနဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်းဟာ ကျောချမ်းစရာလို့ ကန်ဒဲလ်က ထင်ပါတယ်။

play

ကန်ဒဲလ်ဂျန်နာနဲ့ သူမသူငယ်ချင်း ဟေးလီ

ဂျက်စတင်ဟာ ကန်ဒဲလ်ရဲ့ သူငယ်ချင်းကောင်းလည်းဖြစ်သလို သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဟေးလီနဲ့လည်း ဂျက်စတင်က ဒိတ်လုပ်ဖူးပါတယ်။ နောက်ပြီး ဂျက်စတင်က ကော့တနီထက် အသက်အများကြီးလည်း ငယ်သေးတယ်လေ။

play

ဂျက်စတင်နဲ့ ကော့တနီကာဒါရှီရန်။

သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဖြစ်သွားမှန်း ကန်ဒဲလ်မှာ နားမလည်အောင်ဖြစ်နေပါတယ်။ ကန်ဒဲလ်နဲ့ သူတို့နှစ်ယောက် ဆုံချိန်မှာ နှစ်ယောက်စလုံးက ဘာမှမဖြစ်ချင်ယောင် ဆောင်ခဲ့ကြပေမယ့် ကန်ဒဲလ်က အချဉ်မှ မဟုတ်တာပဲ။ သူတို့ကြားမှာ လျှို့ဝှက်ထားတာ တစ်ခုခုရှိနေတယ်လို့ သူမသိနေခဲ့ပေမယ့် မဖြစ်နိုင်ဘူးထင်ခဲ့မိတယ်လို့ သူမနဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

Source & Photos : HollywoodLife

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ