Entertainment: ပွဲပြီးတိုင်း အမှိုက်ကောက်မယ့် ဇာတ်မင်းသား

ပွဲတစ်ပွဲ ကျင်းပပြီးတာနဲ့ အဲဒီမြို့ ညစ်ပတ်သွားတာမျိုး မဖြစ်စေချင်ဘူး။

play

 

ဇာတ်ကပြတဲ့ နေရာတိုင်းမှာ ပွဲပြီးတာနဲ့ အမှိုက်ကောက်သွားမယ်လို့ ဇာတ်မင်းသား ဖိုးချစ်က ပြောပါတယ်။

လတ်တလော ကပြခဲ့တဲ့ သာကေတမြို့နယ်က ၁၀၈ တောင် ဘုရားပွဲမှာလည်း သူ့ရဲ့ဇာတ်ပွဲ ပြီးတာနဲ့ အဖွဲ့သားတွေနဲ့အတူ ဇာတ်ရုံပတ်ဝန်းကျင်ကို အမှိုက်ကောက်ခဲ့တယ်လို့ သိရပါတယ်။

play

 

ပွဲတစ်ပွဲ ကျင်းပပြီးတာနဲ့ အဲဒီမြို့ ညစ်ပတ်သွားတာမျိုး မဖြစ်စေချင်တဲ့အတွက် တတ်နိုင်တဲ့ဘက်ကနေ ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်သွားမယ်လို့ ဖိုးချစ်က ဆိုပါတယ်။

ဇာတ်ကပြရာ နေရာတိုင်းက ဇာတ်ရုံအတွင်းမှာ အမှိုက်ပုံး ၄ ပုံး ထားရှိပေးထားမယ့်အပြင် ဇာတ်ရုံအဝင်မှာလည်း စားကြွင်းစားကျန်ထည့်ဖို့အတွက် အိတ်တွေကို ထားရှိပေးဦးမယ်လို့ ဖိုးချစ်က ပြောပါတယ်။

Source : Popular Jouranal

Photo : ဖိုးချစ်ဖေ့စ်ဘွတ်၊ Popular Jouranal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ