Entertainment: အဒဲလ် ကိုယ်အလေးချိန်ကျရတဲ့ လျှို့ဝှက်ချက်

ယူကေရဲ့ သီချင်းဆိုပြိုင်ပွဲ The X Factor တွင် သေးသွယ်တဲ့ပုံစံနဲ့ အဒဲလ်ကို တွေ့မြင်ခဲ့ရပြီးတဲ့နောက် သူမက ကိုယ်အလေးချိန်ကျအောင် နေ့စဉ် စားသောက်တဲ့အရာတွေထဲက တစ်ခုကို လျှော့ချခဲ့တာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ စနေတနင်္ဂနွေက ဖိုင်နယ်ပွဲမှာ အဒဲလ် သီဆိုဖျော်ဖြေစဉ်က အရမ်းကို ပိန်သွယ်နေတဲ့ပုံ မြင်တွေ့ခဲ့ရပါတယ်။

ဆံပင် ပုံစံအသစ်လည်း ပြောင်းထားတဲ့ အသက် ၂၇ နှစ်ရှိ အဆိုကျော် အဒဲလ်ဟာာ သူမရဲ့ နေ့စဉ်စားသောက်မှုတွေထဲက အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ လက်ဖက်ရည်ကို ဖြတ်ထားတယ်လို့ ဆိုပါတယ်။

play

 

သူမရဲ့ Hello သီချင်းဗီဒီယိုထဲမှာ လက်ဖက်ရည်ငှဲ့တဲ့ ပုံစံပြခဲ့ပေမယ့် လုံးဝမသောက်ခဲ့ပါဘူးလို့ အဒဲလ်က ဖွင့်ဟခဲ့ပါတယ်။

 “တစ်နေ့ကို သကြားနှစ်ဇွန်နဲ့ လက်ဖက်ရည် ၁၀ ခွက်တောင်သောက်ခဲ့တဲ့အတွက် တစ်ရက်ကို သကြား ဇွန်း ၂၀ ကျွန်မစားသုံးတဲ့သဘောပါပဲ” လို့ အဒဲလ်က ပြောပါတယ်။

play

 

 “အခုဆိုရင် လုံးဝမသောက်တော့ပါဘူး။ ခါတိုင်းထက်ပိုပြီး အင်အားတွေ ရှိလာတယ်” လို့လည်း သူမက ဆိုပါတယ်။

ပိုမိုကျန်းမာဖို့အတွက် အရက်နဲ့ စီးကရက်ကိုလည်း ဖြတ်ခဲ့တဲ့ အဒဲလ်ဟာ အဆိုခုရင် လုံးဝပြောင်းလဲသွားပါပြီ။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ