Entertainment: ပရိသတ်ကို ဒေါသတကြီးနဲ့ ပြောဆိုခဲ့တဲ့ မက်ဒေါနား

, updated

မက်ဒေါနားဟာ မန်ချက်စတာအားကစားကွင်း စတိတ်စင်ပေါ်ကို တစ်နာရီနောက်ပြီးမှ ရောက်လာတဲ့အတွက် မကျေမနပ်ဖြစ်နေတဲ့ ပရိသတ်ကို ဒေါသတကြီး အော်ဟစ်ခဲ့ပါတယ်။

play

သူမဟာ အားကစားကွင်းရဲ့ ဗီဒိယိုစနစ်ပြဿနာကြောင့် စတိတ်စင်ပေါ်ကို တက်ဖို့ နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

“ဗွီဒီယိုက ပျက်နေတယ်။ ဗွီဒိယို လုံးဝမရှိဘူး။ ပြန်ဖွင့်လို့ရတဲ့အထိ စောင့်ခဲ့ရတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အဆိုတော်လို့ လာမပြောနဲ့။ ဆက်ပြီး အဲဒီလိုတွေ ပြောဆိုနေဦးမယ်ဆိုရင် ကျွန်မရဲ့ ရှိုးပွဲကို လာကြည့်မနေနဲ့တော့” လို့ သူမရဲ့ နောက်ကျမှုကို ပိုးစိုးပက်စက်ပြောပြီး ရှင်းပြခဲ့ပါတယ်။

play

 

လူတွေက အော်ဟစ် ပြောဆိုပြီး ထွက်သွားကြတယ်လို့ ဆိုပါတယ်။

မက်ဒေါနားက စတိတ်စင်ပေါ်ကို တစ်နာရီနောက်ကျပြီး ထွက်လာတဲ့အတွက် နောက်ဆုံး ဘတ်စ်ကားနဲ့ ရထားတွေ မမီတော့မှာကို စိုးရိမ်ကုန်ကြတယ်လို့ ပရိတ်သတ်တွေက တွစ်တာမှာ ပြောဆိုထားကြပါတယ်။

play

 

 “မန်ချက်စတာအားကစားကွင်းမှာ မိနစ် ၅၀ ကျော် နောက်ကျတယ်။ ဘာမှလည်း မကြေညာဘူး။ လုံးဝလက်ခံနိုင်စရာမရှိဘူး။ လူတွေက အလုပ်သွားစရာလည်း ရှိသေးတယ်” လို့ တင်မ်မာတွန် ဆိုသူက တွစ်တာမှာ ရေးထားပါတယ်။

သူမဟာ ည ၉ နာရီမှာ ထွက်လာရမှာဖြစ်ပြီး ၁၀ နာရီထိုးခါနီးအထိ စတိတ်စင်ပေါ် ရောက်မလာခဲ့ပါဘူး။

မက်ဒေါနားထွက်လာခဲ့ပြီးနောက်မှာ ပရိသတ်ရဲ့ သီချင်းတောင်းဆိုမှုမရှိခဲ့တဲ့ အဲဒီပွဲဟာ မပြေမလည်နဲ့ ပြီးဆုံးသွားခဲ့ရပါတယ်။

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ