Entertainment: ချစ်သူ ကွယ်လွန်သွားတဲ့အတွက် ဆောက်တည်ရာမရ ဖြစ်နေတဲ့ မီရှယ် ဒေါ့ခရီ

Downton Abbey မင်းသမီး မီရှယ် ဒေါ့ခရီဟာ သူမရဲ့တွဲဖက်သရုပ်ဆောင် အယ်လန်လိခ်ျက မိတ်ဆက်ပေးတာကြောင့် ဂျွန်ဒီနင်းနဲ့ သိကျွမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်ကစပြီး တွဲခဲ့ကြတာပါ။

play

 

မီရှယ်ခမြာ အသက် ၃၄ နှစ်သာရှိတဲ့ သူမရဲ့ချစ်သူသေဆုံးသွားတဲ့အတွက် ဆောက်တည်ရာမရ ဖြစ်နေရှာပါတယ်။

ဂျွန်ဒီနင်းဟာ နေမကောင်းဖြစ်ပြီး ခရွတ်ခ်က Marymont ဆေးရုံမှာ တက်ရင်း ကွယ်လွန်သွားခဲ့တာပါ။

play

 

ဂျွန်နဲ့ရွယ်တူဖြစ်တဲ့ မီရှယ်ဟာ Downton Abbey ဆိုတဲ့ နာမည်ကြီး ဇတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင် လေဒီ မေရီခရိုလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

အဲဒီသရုပ်ဆောင်မှုအတွက် သူမဟာ Emmy ဆုနဲ့ ရွှေကမ္ဘာလုံးဆုတို့အတွက် စကားတင်စာရင်းဝင်နေသူလည်း ဖြစ်ပါတယ်။

play

 

ယခုနှစ်အစောပိုင်းမှာ မီရှယ်က သူမနဲ့ တွဲဖက်သရုပ်ဆောင်ကို စိန်လက်စွပ် ထုတ်ကြွားရာက သူတို့စုံတွဲအကြောင်းဟာ သတင်းခေါင်းကြီးပိုင်းတွေမှာ ပါလာခဲ့ပါတယ်။

သူတို့အတွဲက သူတို့အကြောင်းကို လူသိရှင်ကြား ဘယ်တုန်းကမှ ထုတ်ဖော်ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။

play

 “ကျွန်မဘဝထဲမှာ အိုင်ယာလန်ကလာတဲ့ အရမ်းကိုကောင်းတဲ့ အမျိုးသားတစ်ဦး ရှိနေပြီ။ အယ်လန်လိခ်ျက မိတ်ဆက်ပေးခဲ့တာပါ။ အဲဒီလောက်ပဲ သိထားပါ” လို့ ၂၀၁၄ ခုနှစ်က အင်တာဗျူးတစ်ခုမှာ မီရှယ်က ပြောခဲ့ပါတယ်။

လန်ဒန်က FTI Consulting မှာ အကြီးတန်းဒါရိုက်တာအဖြစ် အလုပ်လုပ်တဲ့ ဂျွန်ရဲ့ ဈာပနကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ခရွတ်ခ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ