play

 

အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်က မိတ်ကပ်တွေ လိမ်းပြီး ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်တာ မလုပ်သင့်ဘူးဆိုတဲ့ ဝေဖန်သံတွေကို သူမရဲ့ နာမည်ကျော် မင်းသမီး မိခင်က ပြင်ပေးတာ မဟုတ်ဘဲ သူမဘာသာ ပြင်ခဲ့တာလို့ ဗွီဒီယိုကလစ်တစ်ခုနဲ့ ပြောကြားပြီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ကေတီက သူမသမီးရဲ့ ဗီဒီယိုကို အင်စထရာဂရမ်မှာ တင်ခဲ့တာပါ။

play

 

“မိတ်ကပ်ကို ကျွန်မအမေ လိမ်းပေးတာမဟုတ်ဘူး။ ကျွန်မဘာသာ လိမ်းတာ။ ဘာပဲဖြစ်ဖြစ် ရှင်တို့ကိစ္စမဟုတ်ဘူး” လို့ ပရင့်စက်က အဲဒီဗီဒီယိုထဲမှာ ပြောထားပါတယ်။

play

 

အသက် ၃၇ နှစ်ရှိ ကေတီက  သူမရဲ့ တေးဂီတအကမှာ သရုပ်ဆောင်တဲ့ နတ်ဆိုးမ ပုံစံအတိုင်း သမီးအား ဝတ်ဆင်ပေးခဲ့ပုံကို အင်စထရာ ဂရမ်မှာ တင်ခဲ့ပြီးတဲ့နောက် အဲဒီလိုတွေ ဖြစ်ခဲ့တာပါ။

play

 

လူအများအပြားက အဲဒီပုံတွေကို အမေနဲ့ သမီးရဲ့ ချစ်မေတ္တာလို့ မြင်ကြပေမယ့်လည်း တချို့ကတော့ ကလေးမလေး အလှပြင်ထားတာကို ဘယ်လိုမှ မနှစ်သက်နိုင်ကြပါဘူး။

play

 

 “ကလေးအမေက ဘာဖြစ်နေတာလဲ။ ကလေးကို လူကြီးလို မတရားတွေ ပြင်ပေးထားတယ်။ စိတ်ပျက်စရာပဲ” လို့ လူတစ်ယောက်က အင်စထရာဂရမ်ပုံ အောက်မှာ မှတ်ချက် ပေးထားပါတယ်။

နောက်တစ်ယောက်လည်း ဒီလိုဝတ်စားပေးတာ မသင့်တော်ဘူးလို့ ပြောခဲ့ပါတယ်။

Source & Photo : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video