play

 

မအားလပ်တာကတစ်ကြောင်း၊ ရိုက်လိုတဲ့ ဇာတ်လမ်း၊ ဇာတ်ရုပ်ရရှိဖို့ အချိန်ပေးရပြီး တစ်ပုဒ်လုံး ရိုက်ပြီးချိန်မှ မကြိုက်လို့ ပြန်ရိုက်ရတဲ့ သီချင်းတွေလည်း ရှိတဲ့အတွက် အချိန်ကြာသွားရတာပါတဲ့။

play

 

‘‘ပြင်ဆင်တဲ့အပိုင်းကို သေ ချာအချိန်ယူပြီးမှ ရိုက်ဖြစ်တယ်။ သီချင်းနဲ့ လိုက်ဖက်မယ့် ဇာတ်လမ်းပုံစံမျိုး မတွေ့သရွေ့ စောင့်ပြီး ရိုက်တယ်။ အဆင်ပြေသလို ရိုက်လိုက်မယ်ဆိုတာမျိုးမဟုတ်ဘဲ သီချင်းနဲ့လိုက်ဖက်တဲ့ အိုင်ဒီယာ မထွက်မချင်း စောင့်ပြီး ရိုက်တယ်” လို့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးက ပြောပါတယ်။

play

 

ဇာတ်လမ်းပုံစံ ရိုက်ကူးမှုတွေရှိသလို အမ်တီဗီပုံစံရိုက်ကူးထားတဲ့ သီချင်းများလည်း ပါဝင်ပြီး ပရိသတ်တွေအတွက် ရသစုံ ပေးနိုင်အောင် စီစဉ်ထားပါတယ်လို့ သူက ဆိုပါတယ်။

play

 

 ‘‘ကိုယ်လုပ်တဲ့ အလုပ်တစ်ခု အပေါ်မှာ အကောင်းဆုံး ကြိုးစားပြီး စေတနာလည်းထား၊ မေတ္တာလည်းထားပြီး လုပ်ထားတဲ့ အတွက် အသိအမှတ်ပြုမှုလေး တစ်ခုတော့ ပြန်လိုချင်ပါတယ်” လို့ ဒီအခွေအပေါ်မှာ အများကြီးမျှော်လင့်ထားတဲ့ နန်းဆုက ပြောခဲ့ပါတယ်။

 

Photos : Nansu Yati Soe's Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video