Entertainment: စည်းမျဉ်းတွေကို ချိုးဖျက်လိုက်တဲ့ မော်ဒယ် (၃) ဦး

မော်ဒယ်လောကမှာ မြင်နေကြ ပုံစံတွေကနေ ဖောက်ထွက်လာတဲ့ မော်ဒယ်တွေကို ၂၀၁၅ ခုနှစ်မှာ လူကြိုက်များခဲ့ပါတယ်။

play

 

မော်ဒယ်ဆိုရင် အသားအရေလှလှ၊ အရပ်မြင့်မြင့်နဲ့ ကိုယ်လုံးသွယ်သွယ်လေးတွေကိုပဲ မြင်ယောင်နေမိမှာပါ။ ဒါဟာ မော်ဒယ်လောကရဲ့ စည်းမျဉ်းတွေလို့လည်း ပြောနိုင်ပါတယ်။ ခုတော့ အဲ့ဒီစည်းမျဉ်းတွေကို ဖောက်ထွက် လိုက်တဲ့ မော်ဒယ်တွေ ရှိလာခဲ့ပါပြီ။

၁။ လိင်ပြောင်းမော်ဒယ်

play

 

ဟာရီ နပ်ဖ်က မော်ဒယ်လောကရဲ့ ပထမဆုံး လိင်ပြောင်းမော်ဒယ်ပါ။ စင်ပေါ်မှာ အမျိုးသမီးမော်ဒယ်နဲ့ အမျိုးသားမော်ဒယ်တွေပဲ မြင်နေရာက အမျိုးသမီးဘဝကို ပြောင်းလဲထားသူတစ်ယောက်ရဲ့ လျှောက်လှမ်း မှုကို မြင်ရပါပြီ။ အထင်တော့မသေးလိုက်ပါနဲ့ ဂျီဂျီဟားဒစ်၊ ဂျုံး စမောတို့လို စူပါမော်ဒယ်တွေကို ပွဲထုတ်ပေးလိုက်တဲ့ IMG မော်ဒယ်အေဂျင်စီနဲ့ သူက စာချုပ်ချုပ်ထားပါတယ်။

၂။ အကိတ်

play

 

စင်ပေါ်က မော်ဒယ်ဆိုရင် ပိန်လွန်းလို့ စိတ်ပျက်နေကြသူတွေကတော့ ကန်ဒိုက်စ် ဟက်ဖင်းကို သဘော ကျကြပါတယ်။ Vogue နဲ့ W တို့လို မဂ္ဂဇင်းတွေမှာတောင် အထူးတလည် ဖော်ပြခံရတဲ့ ဆိုဒ် ၁၂ အရွယ် မော်ဒယ်ပါ။

၃။ ထူးဆန်းတဲ့ အသားအရည်ပိုင်ရှင်

play

 

အညိုရောင်၊ အနက်ရောင်၊ အဖြူရောင် စသဖြင့် အသားအရောင် အမျိုးမျိုးရှိပါတယ်။ အသားအရေလှလှ မော်ဒယ်တွေထဲမှာတော့ ဝင်နီ ဟားလိုးက ပေါ်လွင်နေပါတယ်။ သမင်ဖြူအကွက်တွေနဲ့ ပတ်သက်လို့ အဲ့ဒါတွေက သူမကို ပိုပြီးလှနေစေတယ်လို့ လက်ခံလိုက်ရုံပါပဲ။

 

Source & Photo : Harpersbazaar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ