Entertainment: ဘီယွန်းဆေးလား ခရစ္စမတ်သစ်ပင်လား

ခရစ္စမတ်ဖက်ရှင်ကာလအတွင်းမှာ ခရစ္စမတ်သစ်ပင် တစ်ပင်အလား ကိုယ့်ကိုယ်ကိုယ် ဆင်ယင်ထားတဲ့ ဖက်ရှင်နဲ့ ဘီယွန်းဆေးကို တွေ့မြင်ခဲ့ရပါတယ်။

play

 

ဒီဇင်ဘာလ ၁၅ ရက်ညက နယူးယောက်ခ်မှာ ကျင်းပတဲ့ သူမရဲ့ Ultimate Office Chirstmas Party ကနေ အဲဒီဝတ်စုံနဲ့ ထွက်လာခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ် အဆိုတော် ဘီယွန်းဆေးကို ကြည့်ရတာ တကယ့်ကို ခရစ္စမတ်အလှသစ်ပင်ကြီးနဲ့ပဲ တူပါတော့တယ်။

play

 

ပြီးခဲ့တဲ့လက ဘီယွန်းဆေးဟာ သူမရဲ့ ကိုယ်ပိုင် ဖက်ရှင်စုစည်းမှုနဲ့ ကမ္ဘာ့ဖက်ရှင်လောကကို လွှမ်းမိုးမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

သူမရဲ့ ဖက်ရှင်အဝတ်အစားတွေကို လာမယ့်နှစ် ဧပြီလမှာ စတိုးဆိုင်တွေမှာ တွေ့ရှိရတော့မှာပါ။

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ