Entertainment: ပြင်ဦးလွင်မှာ သွားမွှေနေတဲ့ နေတိုး

ပုံကို ကြည့်ရတာတော့ နေတိုးတစ်ယောက် အမွှေကောင်းလို့ ထိပ်တုံးမိနေပုံပါ။

play

 

နေတိုးတစ်ယောက် ပြင်ဦးလွင်မှာ မွှေနေပါတယ်။ သူနဲ့အတူ သက်မွန်မြင့်လည်း ပါပါသေးတယ်။

play

 

တကယ်တော့ "မွှေချက်ကတော့ လွန်လွန်းတယ်" အမည်ရှိ ဗီဒီယိုကား တစ်ကားကို ရိုက်ကူးနေတာပါ။ နေတိုးနဲ့ သက်မွန်မြင့်အပြင် ယွန်းရွှေရည်၊ အရိုင်း၊ ကင်းကောင်၊ ညောင်ညောင် စတဲ့ အခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။

play

 

ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)ရဲ့ "မွှေချက်ကတော့ လွန်လွန်းတယ်" ဇာတ်ကားကို ပြင်ဦးလွင်မှာ ဒီဇင်ဘာ ၁၅ ရက်မှ ၂၇ ရက်ထိ သွားရောက်ရိုက်ကူးနေပြီး ရိုက်ကွင်းပုံရိပ်တွေကိုတော့ နေတိုးက ဖေ့စ်ဘွတ်ခ်မှာ မျှဝေလိုက်တာပါ။ ပုံတွေအရတော့ ဟာသကား ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

 

Source & Photo : နေတိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ