Entertainment: ဖက်ရှင်လုပ်ငန်းနဲ့ ဝင်ငွေ ပိုကောင်းနေတဲ့ ဗစ်တိုးရီးယား

ခင်ပွန်းက နာမည်ကြီး ဘောလုံးသမား၊ ဇနီးက ပေါ့စတားအဖြစ် ဒေးဗစ်နဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့နှစ်ဦးဟာ ကမ္ဘာ့အအောင်မြင်ဆုံး စုံတွဲတစ်တွဲ ဖြစ်ခဲ့ပါတယ်။

play

 

လုပ်ငန်းသစ်ပြောင်းလဲလိုက်တဲ့ ဒီစုံတွဲရဲ့ ဝင်ငွေဟာ သူတို့ရဲ့ ပထမအလုပ်တွေထက် ပိုမြင့်မားနေပါတာကို တွေ့ရှိရပါတယ်။

ပေါ့ရှ်စပိုက်စ်လို့ လူသိများခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပေါင် ၃၄ သန်း ဝင်ငွေနဲ့ သူမရဲ့ ဖက်ရှင်တံဆိပ်ကို အောင်အောင်မြင်မြင် တည်ထောင်နိုင်နေပါပြီ။

play

 

တစ်ချိန်ထဲမှာ ဈေးကွက်နဲ့ စပွန်ဆာလုပ်ငန်းတွေကနေ ဘောလုံးသမားဟောင်းကြီး ဘက်ခမ်းက ပေါင် ၁၇ သန်း ရရှိနေတဲ့အတွက်  ဗစ်တိုးရီးယားတံဆိပ်နဲ့ ဘက်ခမ်းတံဆိပ်တို့ရဲ့ ဝင်ငွေက အပြိုင်ဖြစ်နေပါတယ်။

play

ဘက်ခမ်း မိသားစု။

ဒါပေမဲ့ ဒေးဗစ်က သူ့ရဲ့ရုပ်ပုံအသုံးပြုခွင့် ရောင်းချခြင်းနဲ့ အဓိက ဝင်ငွေရကာ အကျိုးအမြတ် ပေါင် ၁၂.၇ သန်း ကျန်ပြီး ဗစ်တိုးရီးယားရဲ့ ကုမ္ပဏီက အသားတင်အရှုံးပြနေသေးတဲ့အတွက် ယခုအထိတော့ သူတို့စုံတွဲဟာ ဒေးဗစ်ရဲ့ ကိုယ်ပိုင်ဝင်ငွေပေါ်မှာ မှီခိုနေရတုန်းပါပဲ။

play

 

အနာဂတ်မှာတော့ မစ္စစ်ဘက်ခမ်းရဲ့ ဖက်ရှင်ဆိုင်က အောင်မြင်နေပြီး အကျိုးအမြတ်ရှိတော့မှာ ဖြစ်တဲ့အတွက် အိမ်အတွက် အဓိက ဝင်ငွေ ထောက်ပံ့မယ့်သူ ဖြစ်လာတော့မှာပါ။

Soure & Photos : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ