အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အိမ်ထောင်ရေးအကြောင်း ရိုက်ထားတဲ့ ဒီဒရမ်မာ ဇာတ်ကားကို ပြီးခဲ့တဲ့ စနေ တနင်္ဂနွေက ရုပ်ရှင်ရုံပေါင်း ၁၀၂ ရုံမှာ ပြသခဲ့ရာ ပေါင် ၂၄,၇၇၀ သာ ရရှိခဲ့ပါတယ်။
အဲဒီဇာတ်ကားထဲမှာ ခင်ပွန်းသည်နဲ့ ချစ်ကြိုက်ခန်း ရိုက်ရတာ ကြောင်တောင်တောင်အနိုင်ဆုံးအရာပါပဲလို့ ဂျိုလီက ပြောခဲ့ပါတယ်။
“ချစ်ကြိုက်ခန်းတွေ ရိုက်ရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကိုယ်အပြင်မှာ တကယ်အတူနေနေတဲ့သူနဲ့ ချစ်ကြိုက်ခန်း ရိုက်ရတာကျတော့…..” လို့ သူမက ပြောပါတယ်။
“ကျွန်မတို့အတွက် အဲဒါကို ကျော်ဖြတ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက အဲဒီအကြောင်းရဲ့ ရယ်စရာတွေကို တစ်ချိန်လုံး ပြောနေရတော့တာပေါ့” လို့ ဂျိုလီက ဆိုပါတယ်။
Soure & Photos : Dailymail