Entertainment: ဟန်လင်းသန့် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး လာမည့်နှစ် ရုံတင်မည်

ဟန်လင်းသန့်သည် MRTV-4 မှ ပြသသည့် ထာဝရမန္တလေးဇာတ်ကားနှင့် ဝိညာဉ်ရှိုက်သံဇာတ်ကားတို့ဖြင့် ပရိသတ်အခိုင်အမာရရှိထားသူဖြစ်သည်။

play

 

MRTV-4 မှ ပြသသည့် ထာဝရမန္တလေးဇာတ်ကားနှင့် ဝိညာဉ်ရှိုက်သံဇာတ်ကားတို့ဖြင့် ပရိသတ်အခိုင်အမာရရှိခဲ့သည့် သရုပ်ဆောင် ဟန်လင်းသန့်ပါဝင် ရိုက်ကူးထားသည့် ရုပ်ရှင်ကားကြီး (၅) ကားထဲမှ ၎င်း၏ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်သည့် ‘ဘယ်ရည်းစားကို အချစ်ဆုံးလဲ’ကို လာမည့်နှစ်တွင် ရုံတင်ပြသမည်ဖြစ်သည်။

play

 

လက်ရှိအချိန်တွင် MRTV-4 နှင့် အွန်လိုင်းနှင့်ပတ်သက်သည့် ကောင်းကျိုး ၊ ဆိုးကျိုးအသိပညာပေးရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီး ဒါရိုက်တာ မီးပွားရိုက်ကူးသည့် 'ချိုမြိန်သော လက်စားချေခြင်း' ရုပ်ရှင်ကားကြီးကိုလည်း စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုံရတီတို့နှင့် ရိုက်ကူးထားသည်။ ဟန်လင်းသန့်သည် King of Denim 2012 ဆုကို ရရှိထားသည်။

Photo: ဟန်လင်းသန့်Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ