Entertainment: လင်တစ်ယောက်လုံး အသုံးချနည်း

အိမ်ထောင်ရေး ဟာသကားလေးဖြစ်ပြီး မို့မို့မြင့်အောင်၊ ပက်ထရစ်ရှာနဲ့ မင်းမော်ကွန်းတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

play

 

လင်တစ်ယောက်လုံး အသုံးချနည်းဆိုတာ မကြာခင်က ထွက်ရှိထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။

မိုးပွင့်ဖြူဆိုတဲ့ ကောင်မလေးက တစ်ဦးတည်းသော သမီးပါ။ သူမကို ဖခင်ဖြစ်သူက သိမ်သိမ်မွေ့မွေ့ နေထိုင်ဖို့နဲ့ ယောက်ျားတွေနဲ့ မပတ်သက်ဖို့ ဆုံးမသွန်သင်ပါတယ်။ ဒါပေမဲ့ မိခင်ကတော့ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့စကားနဲ့ ခိုင်းနှိုင်း ဆုံးမပါတယ်။ သူ့တုန်းကလည်း ရည်းစားတွေအများကြီး ထားပြီးမှ မိုးပွင့်ဖြူရဲ့အဖေကို ရွေးချယ်ခဲ့သူပါ။

တစ်ရက်မှာတော့ ကန်တော်ကြီးထဲ လျှောက်သွားနေတဲ့ မိုးပွင့်ဖြူကို လူတစ်ယောက်က ဓာတ်ပုံတွေခိုးရိုက်နေခဲ့ပါတယ်။ ဒါကို မိုးပွင့်ဖြူက သိသွားပြီး အဲ့ဒီလူကို ပါးရိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိုးပွင့်ဖြူ ပါးရိုက်ခဲ့တဲ့လူဟာ သူအကြိုက်ဆုံး ဓာတ်ပုံဆရာ ဖြစ်နေမှန်း သိလိုက်ရပါတယ်။

ဒီဇာတ်ကားက အိမ်ထောင်ရေး ဟာသကားလေးဖြစ်ပြီး မို့မို့မြင့်အောင်၊ ပက်ထရစ်ရှာနဲ့ မင်းမော်ကွန်းတို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။

 

Source: 7 Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ