Entertainment: မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှု အမိန့်ချရက် ရွှေ့ဆိုင်း

အေးချမ်းမြတ်မိုးရဲ့ မိဘတွေကတော့ အမှုနဲ့ပတ်သက်ပြီး တရားမျှတစေချင်ပါတယ်။

play

 

စစ်ဆေးနေတာ တစ်နှစ်ကျော် ကြာနေပြီဖြစ်တဲ့ မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံခဲ့ရမှုကို ဒီနေ့ အမိန့်ချမှတ်မယ်လို့ ဆိုခဲ့ပေမဲ့ ဒီဇင်ဘာလ ၂၉ ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ကိုအံ့ဖြိုးပိုင်ရဲ့ ရှေ့နေက တရားသေလွှတ်ဖို့အထိတောင် လျှောက်လဲချက်တင်ထားပါတယ်။

play

 

အေးချမ်းမြတ်မိုးရဲ့ မိဘတွေကတော့ အမှုနဲ့ပတ်သက်ပြီး တရားမျှတစေချင်ပါတယ်။

ဒီအမှုဟာ တစ်နှစ်ကျော်ကြာ စစ်ခဲ့တာဖြစ်ပြီး လျှောက်လဲချက်ပေးခါနီး ရုံးချိန်းမှာမှ တရားသူကြီးအသစ်ပြောင်းခဲ့ပါတယ်။

တရားသူကြီးအသစ်ဖြစ်တဲ့အတွက် အမှုကို ကိုင်တွယ်တာ မပြီးပြတ်သေးလို့ပါလို့ အမိန့်ချရက် ရွှေ့ဆိုင်းလိုက်ကြောင်း အကြောင်းပြခဲ့ပါတယ်။

ရုံးချိန်ကိုလည်း နေ့လယ် ၁ နာရီလို့ ဆိုခဲ့ပေမယ့် နံနက် ၁၀ နာရီလောက်ကတည်း ရုံးထုတ်သွားခဲ့တဲ့အတွက် တရားလိုဘက်ကတောင် မသိလိုက်ရဘူးလို့ ဆိုပါတယ်။

play

 

အခုလည်း အမိန့်ချမှတ်ဖို့ ၁၂ ရက် ရွှေ့ဆိုင်းလိုက်ပြီဆိုတော့ ဒီဇင်ဘာလ ၂၉ ရက်မှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။

 

Source & Photos : Saw Phoe Kwar’s Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ