Entertainment: လက်ရှိ ပိုင်ဆိုင်ထားတဲ့ အလှအပကို ကျေနပ်ပါတယ်လို့ ပြောလိုက်တဲ့ ဂိုဟာရား

သူမ ပိုင်ဆိုင်ထားတဲ့ အလှအပကို သူမကိုယ်တိုင် ကျေနပ်မှုရှိတယ်လို့ ထင်ပါသလား။

play

 

မင်းသမီး ဂိုဟာရား (Go Ara) တစ်ယောက် သရုပ်ဆောင် လောကထဲကို စပြီး ဝင်ရောက်လာတဲ့ အချိန်ကတည်းက သူမရဲ့ လှပတဲ့ မျက်နှာကို အားလုံး သတိထားမီကျမှာပါ။ တကယ်တမ်းမှာရော သူမ ပိုင်ဆိုင်ထားတဲ့ အလှအပကို ကျေနပ်မှုရှိတယ်လို့ သင်ထင်ပါသလား။

play

 

SM ဖျော်ဖြေရေးအဖွဲ့ရဲ့ ထိပ်သီး အလှမယ်စာရင်းဝင် ဂိုဟာရား အနေနဲ့ ‘One Night of TV Entertainment’ အစီအစဉ်မှာ သူမရဲ့ နောက်ဆုံးထွက်ရှိမယ့် ‘The Magician’ ရုပ်ရှင်ဇာတ်ကားနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူမရဲ့ အလှအပနဲ့ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားခဲ့ရာမှာတော့ သူမအနေနဲ့ လက်ရှိ အနေအထားကို ကျေနပ်ပါတယ်လို့ မြန်မြန်ဆန်ဆန်ပဲ ဖြေကြားခဲ့ပါတယ်။

play

 

သူမ ခန္ဓာကိုယ်ရဲ့ အလှဆုံး အစိတ်အပိုင်းကတော့ သူမရဲ့ တောက်ပတဲ့ အညိုရောင် မျက်လုံးလေးတွေပါဘဲလို့ ဖြေကြားခဲ့သလို ၊ နောက်ထပ် လှတယ်လို့ ထင်ရတဲ့နေရာကတော့ သူမရဲ့ နှာခေါင်းပါလို့ ပြောကြားခဲ့ပါသေးတယ်။

 

Source: allkpop

Photo: allkpop, highcut, pinterest, onsecrethunt

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ