Entertainment: အချစ် ကံကောင်းတဲ့ ဆလီနာ

နီရယ်လ် ဟိုရန်ရဲ့ အချစ်ကိုရတာ ဆလီနာဂိုးမက်ဇ် တကယ့်ကို ကံကောင်းပါတယ်။

play

 

ဂျက်စတင်ဘီဘာနဲ့ ကော့တနီကာဒါရှီရန်တို့ရဲ့ သတင်းကို ကြားပြီး တုန်လှုပ်သွားခဲ့တဲ့ ဆလီနာရဲ့ စိတ်ကို One Direction အဆိုတော်လေး နီရယ်လ်က ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့လို့ပါ။

play

 

သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက အကောင်းဆုံး အခြေအနေကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆလီနာ့အတွက် ဒီအချိန်က နီရယ်လ်ကို အလိုအပ်ဆုံး အချိန် ဖြစ်နေလို့ပါပဲ။

play

 

“ဆလီနာ့ကို အလုပ်ရှုပ်နေအောင် နီရယ်လ်က ကူညီပေးနေလို့ တော်သေးတာပေါ့။ ဒီနည်းနဲ့ ဂျက်စတင်ရဲ့ ကိစ္စကို စိတ်ဝင်စားမနေတော့ဘဲ သူမရဲ့ ကိုယ်ပိုင် အချစ်ဇာတ်လမ်းမှာ အာရုံစိုက်နေနိုင်တယ်လေ” လို့ ဆလီနာနဲ့ နီးစပ်သူ တစ်ဦးက ပြောခဲ့ပါတယ်။

play

 

ဆလီနာ ဝမ်းနည်းမယ်ဆိုရင်လည်း ဝမ်းနည်းစရာပါပဲ။ ဂျက်စတင်နဲ့ ကော့တနီရဲ့ ဇာတ်လမ်းက ၄ လလောက် ရှိပြီဆိုတော့ အဲဒီလေးလအတွင်းမှာ ဂျက်စတင်နဲ့ ဆလီနာက ပြန်ပြေလည်သလို ဖြစ်ခဲ့ဖူးတာကိုး။

 

Sourec & Photos : Hollywoodlife

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ