Entertainment: ကန်ဒဲလ်နဲ့ ဂျီဂျီ ကူညီပေးလို့ မော်ဒယ်ဖြစ်ခဲ့တဲ့ အိမ်ခြေမဲ့ ကောင်လေး

စူပါမော်ဒယ်တွေဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာနဲ့ ဂျီဂျီဟက်ဒီးတို့နဲ့ စုံတွေ့ခွင့် ရခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗန်းနစ်ကမ်းခြေက အသက် ၂၀ အရွယ် အိမ်ခြေမဲ့ စကိတ်စီးသမားလေးဟာ မော်ဒယ်ဖြစ်ချင်နေတဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

play

 

ဝစ်ကွန်ဆင်မှာ ကြီးပြင်းခဲ့တဲ့ ဂျွန်အီကိုနိုမူဟာ သူ့ဘဝတစ်လျှောက်လုံး သူတို့မြို့လေးရဲ့ မော်ဒယ်အဖြစ် အလုပ်လုပ်ခဲ့တာပါ။ ကောလိပ်ကထွက်လာပြီးတဲ့နောက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရှာဖို့ ကယ်လီဖိုးနီးယားကို ပြောင်းလာခဲ့ရာ သူနဲ့အတူ စကိတ်ဘုတ်တစ်ခု၊ အဝတ်အစားနှစ်စုံ၊ သွားတိုက်တံတစ်ချောင်းသာ ပါလာခဲ့ပါတယ်။

သူ့အတွက် ကံကြမ္မာပြောင်းလဲမယ့် နွေရာသီနေ့တစ်နေ့မှာ ပါတီလုပ်နေတဲ့ လူတစ်စု စင်ရော်တွေနဲ့ ဒုက္ခရောက်နေတာကိုတွေ့လို့ ကူညီဖို့ ကြိုးစားခဲ့ပါတယ်တဲ့။

play

 

သူက စင်ရော်တွေကို ကူညီခြောက်လှန့်ပေး ပြီးတဲ့နောက် အဲဒီအဖွဲ့ထဲက မိန်းကလေးတစ်ယောက်က သူ့ကို “ရှင်က ချစ်ဖို့ကောင်းတယ်” လို့ ပြောခဲ့ပါတယ်။ လှည့်ကြည့်ပြီး စကားပြောခဲ့ပေမဲ့ အစပိုင်းမှာ ဘယ်သူမှန်း သူမသိခဲ့ပါဘူး။

“အဲဒါ ကန်ဒဲလ်ဂျန်နာ၊ ဂျီဂျီဟက်ဒီး၊ မင်းသား အန်ဆဲလ်အယ်ဂေါ့တ် နဲ့ ကန်ဒဲလ်ရဲ့ မန်နေဂျာ အက်ရှလက် ဂွန်ဇာလက်ဇ်တို့ ဖြစ်နေတယ်” လို့ ဂျွန်က ပြောပါတယ်။

play

 

“ကျွန်တော့်မြို့မှာတုန်းက မော်ဒယ်လုပ်ဖူးကြောင်း၊ ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဒီကို ရောက်လာတာ ဖြစ်တဲ့အကြောင်း၊ အေဂျင်စီတစ်ခုနဲ့ ချိတ်မိဖို့ ကြိုးစားနေကြောင်း၊ အခုတော့ ဟစ်ပီတစ်ယောက်လို နေနေရကြောင်း စသဖြင့် ကျွန်တော့်အကြောင်းကို သူတို့ကို ပြောပြခဲ့တယ်” လို့ သူက ဆိုပါတယ်။

play

 

အီကိုနိုမူကို အေဂျင်စီတစ်ခုနဲ့ ချိတ်ပေးဖို့ ဂျန်နာက သူမရဲ့ မန်နေဂျာကို ပြောခဲ့ပါတယ်။

play

အီကိုနိုမူနဲ့ ဂျန်နာရဲ့ မန်နေဂျာတို့ ဖုန်းနံပါတ်တွေ ဖလှယ်ခဲ့ကြပြီး မကြာခင်မှာပဲ ဂျန်နာ မော်ဒယ်လောကထဲ ဝင်တော့ အတူ အလုပ်တွဲလုပ်ခဲ့တဲ့ အမျိုးသားရဲ့ လုပ်ငန်းဖြစ်တဲ့ Two Management နဲ့ စာချုပ်ချုပ်ဆိုခွင့် ရရှိခဲ့ပါတယ်။

 

Source & Photos : NEXTSHARK

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ