Entertainment: တင်တု တပ်ထားတဲ့ အမ်ဘာရို့စ်

အမ်ဘာရို့စ်ဟာ သူမရဲ့ ဂီတာရှိတ်ခန္ဓာကိုယ်ကြောင့် နာမည်ကြီးသူပါ။

play

 

ဒါပေမဲ့ သူမဟာ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ခင်းမှာ တင်တုတပ်ထားတဲ့ပုံစံ ပေါ်နေပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ် အမ်ဘာဟာ လော့ဆန်းဂျလိစ်က ပန်းခြံတစ်ခုထဲမှာ သူ့သား ဆက်ဘက်ရှန်ကို မချီလိုက်စဉ်မှာ သူမရဲ့ အသားကပ်ဘောင်းဘီရဲ့အောက်မှာ တင်ကို ပိုမိုကြီးထွားအောင် ပြုလုပ်တဲ့ ဖော့ပြားတွေ ဝတ်ထားတယ်ဆိုတာ ထင်းထင်းကြီးပေါ်နေပါတယ်။

play

 

တော်တော်တော့ ထူးဆန်းပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းက တကယ်တော့ အကူအညီမလိုပါဘူး။

play

 

ဒါပေမဲ့ ခင်ပွန်းဟောင်း ဝစ်ကာလီဖာနဲ့ ပြန်ပေါင်းထုတ်ရာမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့ လုပ်ထားပုံရပါတယ်။

play

 

အဲဒီနေ့မှာပဲ အမ်ဘာနဲ့ သူမရဲ့ ခင်ပွန်းဟောင်းက သူတို့ရဲ့ ၂ နှစ်အရွယ်သားလေး ဆက်ဘက်ရှန်ကို ပန်းခြံဆီကို ခေါ်သွားတာပါ။

အမ်ဘာဟာ အသက် ၂၈ နှစ်အရွယ် သူမရဲ့ ခင်ပွန်းဟောင်းနဲ့ ဘေးချင်းယှဉ်ပြီး ပြုံးပြုံးရွှင်ရွှင် လမ်းလျှောက်နေတာကို မြင်ခဲ့ရပါတယ်။

 

Source & Photos : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ