Entertainment: စင်ပေါ်မှာ ခြေချော်ခဲ့တဲ့ မေဘရဏီသော်ကို အားပေးသူ များပြားနေ

ကံမကောင်းလို့ စင်ပေါ်မှာ ဟန်ချက်ပျက်ပြီး လဲခဲ့ရပေမဲ့ အပြုံးမပျက် ပြန်ထပြီး ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားတဲ့ သူမကို ပရိသတ်တွေက ပိုလို့တောင် ချစ်ခင်လာကြပါတယ်။

play

 

မနေ့က စင်ပေါ်မှာ ခြေချော်ခဲ့တဲ့ အလှမယ်လေး မေဘရဏီသော်ကို ပရိသတ်တွေက အရင်ထက် ပိုမို အားပေးလာကြပါတယ်။

play

Miss Universe 2015 ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ မြန်မာ့အလှမယ်လေးဟာ ညနေခင်း ပွဲတက်ဝတ်စုံနဲ့ စင်ပေါ်မှာ လျှောက် လှမ်းနေတုန်း ဟန်ချက်ပျက်ပြီး ခြေချော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ချက်ခြင်းဆိုသလိုပဲ အပြုံးမပျက် ပြန်ထပြီး ရဲရဲဝံ့ဝံ့နဲ့ ဆက်လျှောက် သွားတဲ့ သူမက မြန်မာနိုင်ငံသားတွေသာမက အခြားနိုင်ငံကပါ ချီးကျူးရေးသားနေကြပါပြီ။

play

 

မေဘရဏီသော်ကတော့ အကောင်းဆုံး ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးမလုပ်ပေးနိုင်တာ အရမ်းကို စိတ်မကောင်းဖြစ်နေပြီး အဲ့ဒီအတွက်လည်း သူမက ဖေ့စ်ဘွတ်ခ်မှာ တောင်းပန်ထားပြန်ပါတယ်။ အမှားတွေရှိပေမဲ့ ဆက်ပြီး ရပ်တည်ပေးကြတဲ့ သူငယ်ချင်းတို့ကို ကျေးဇူးတင်ပါတယ်လို့လည်း ဆိုပါတယ်။

 

Photo : Missuniverse website

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ