Entertainment: အင်ပါရာနဲ့ နှစ်သစ်ကူးမလား

ရော့ခ် ဂီတကို နှစ်သက်သူတွေက ၂၀၁၅ ရဲ့ နောက်ဆုံးညကို ကိုညီထွဋ်နဲ့အတူ ဖြတ်သန်းနိုင်မှာပါ။ ဂျစ်ပစီမိုးတိမ် ထွက်ရှိခြင်း နှစ် ၂၀ ပြည့်တဲ့ အထိမ်းအမှတ်နဲ့ Gypsy Night ဖျော်ဖြေပွဲကို ပြုလုပ်တာ ဖြစ်ပါတယ်။

play

 

အဆိုတော် ဇော်ဝင်းထွဋ်နဲ့ အင်ပါရာ တီးဝိုင်းကို နှစ်သက်သူတွေအတွက် နှစ်သစ်ကူးမယ့်ညမှာ ရော့ခ်ဂီတကို ခံစားနိုင်တော့မှာပါ။

Gypsy Night လို့ အမည်ပေးထားတဲ့ rock concert ကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညမှာ MCC (out door) မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပွဲကျင်းပမယ့်အကြောင်း သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၇ ရက် ညနေက ဆာကူရာတာဝါမှာ ပြုလုပ်ခဲ့ပါတယ်။

play

 

ဂျစ်ပစီမိုးတိမ် ထွက်ရှိခြင်းအနေနဲ့ Gypsy Night ဖျော်ဖြေပွဲကို ပရိသတ်တောင်းဆိုချက်အရ ပြုလုပ်တာပါလို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဂျစ်ပစီမိုးတိမ်သီချင်းရဲ့ တေးရေးဆရာ ဝင်းမင်းထွေးအတွက် အနုပညာကြေး ကျပ် ၁၀ သိန်း ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Source & Photo : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ