Entertainment: အရည်အသွေးကို ဦးစားပေးဖို့ ဇာတ်ကား ရိုက်ကူးမှု လျော့ချတဲ့ ဖွေးဖွေး

ဇာတ်ကားရိုက်ကူးမှု နည်းပေမယ့် ကြော်ငြာတွေ ဆက်တိုက်ရိုက်နေလို့ ပရိသတ်နဲ့ အလှမ်းဝေးသွားမှာတော့ မဟုတ်ပါဘူး။

play

 

အကယ်ဒမီ ရသွားပြီးတဲ့နောက် ဖွေးဖွေးရဲ့ ဇာတ်ကားရိုက်ကူးမှု နည်းသွားပါတယ်။ ဇာတ်ကားအများကြီး လက်ခံမယ့်အစား အရည်အသွေးကောင်းမယ့် တစ်ခုကိုပဲ ရွေးပြီး လက်ခံချင်တဲ့အတွက် အလုပ်တွေကို လျော့ချလိုက်တာပါလို့ သူမက ပြောပါတယ်။

play

 

အကယ်ဒမီကလည်း အရွယ်နဲ့မလိုက်အောင် ရသွားတယ်လို့ ခံစားမိတဲ့အတွက် အနုပညာတကယ်စစ်တဲ့ အရာတွေကိုပဲ ပြုလုပ်ဖို့ ဖွေးဖွေးက စောင့်မျှော်နေတာပါ။ အဲ့ဒီလိုမျိုး အရေအတွက်ကို လျော့ချလိုက်တဲ့အတွက် စီးပွားရေးအရ ထိခိုက်ပေမယ့် ပရိသတ်ရော ဖွေးဖွေးပါ ကြိုက်မယ့် ဇာတ်ကားတွေကိုပဲ ရွေးချယ်ချင်တယ်လို့ ဆိုပါတယ်။

ဖွေးဖွေးကို နိုင်ငံခြားက ဇာတ်ကားရိုက်ကူးဖို့ လာကမ်းလှမ်းထားပြီး သာမာန်တွေနဲ့ ကွဲထွက်ထားတဲ့ဇာတ်လမ်းမျိုး ဖြစ်တယ်လို့ သူမက ပြောပါတယ်။

Source : မြဝတီ

Photo : ဖွေးဖွေးဖေ့စ်ဘွတ်ခ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ