Entertainment: ၂၀၁၅ မှာ ကြည့်ရှုမှု အများဆုံး ဇာတ်ကားနမူနာ (၁၀) ခု

ဇာတ်ကားကောင်းတစ်ကားကို စောင့်မျှော်နေတတ်သူတွေကတော့ သူ မျှော်လင့်နေတဲ့ဇာတ်ကား ရုံမတင်မီမှာ နမူနာပြသတာလေးတွေ ကြည့်ကြပါတယ်။

play

 

ရုပ်ရှင်ထုတ်လုပ်ရေးတွေက ဇာတ်ကားတစ်ကားကို ရုံမတင်ခင် အမြည်းသဘော အနေနဲ့ ဇာတ်ကားနမူနာ (trailer) ထွက်ရှိပါတယ်။ အဲ့ဒီလို ထွက်ရှိလာတဲ့ ဇာတ်ကား နမူနာတွေကိုကြည့်ပြီး စိတ်ဝင်စားမှ ရုံမှာ သွားကြည့်ကြတာပါ။ ၂၀၁၅ ခုနှစ်ထဲမှာ အများဆုံး ကြည့်ရှုခံရတဲ့ ဇာတ်ကားနမူနာတွေကတော့ ၂၀၁၆ မှာ ထွက်ရှိမယ့် ဇာတ်ကား အများစု ဖြစ်ပြီး တကယ်ကို ကောင်းမွန်တဲ့ဇာတ်ကားတွေ ဖြစ်မယ်လို့လည်း ယူဆရပါတယ်။

၁။ Sucide Squad

play

 

DC ရဲ့ ခပ်ဆိုးဆိုးဇာတ်ကောင်တွေကို စုစည်းရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပြီး ၂၀၁၆ မှ ရုံတင်မှာပါ။

၂။ Star Wars : The Force Awakens

play

 

ဆယ်စုနှစ် ၄ ခု နီးပါး အကြာမှ ဆက်လက်ထွက်ရှိလာတဲ့ သိပ္ပံဇာတ်ကားပါ။ ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီး ရုံတင်ပြသနေပါပြီ။

၃။ Batman v Superman : Dawn of Justice

play

 

လူကြိုက်အများဆုံး လူစွမ်းကောင်းနှစ်ဦးရဲ့ သဘောထားကွဲလွဲမှုတွေနဲ့ အမျိုးသမီးလူစွမ်းကောင်းတို့အဓိက ပါဝင်ပြီး DC comics ရဲ့ အခြားဇာတ်ကောင်တွေလည်း များစွာ ပါဝင်ထားလို့ လူတွေ တမျှော်မျှော် ဖြစ်နေကြပါတယ်။

၎။ Avengers : Age of Ultron

play

 

Marvel ရဲ့ လူစွမ်းကောင်းတွေ စုစည်းထားတဲ့ ဒီဇာတ်ကားမှာတော့ နောက်ထပ် လူစွမ်းကောင်းအသစ် Vision ကို စတင်မိတ်ဆက်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

၅။ Terminator Genisys

play

 

ခေတ်လွန် သိပ္ပံကားဖြစ်ပြီး ၂၀၁၅ ခုနှစ်ထဲမှာပဲ ရုံတင်ပြသခဲ့ပါတယ်။ နဂိုတည်းက Terminator ရဲ့ ပရိသတ်တွေ ရှိပြီးသားမို့ ရုံတင်တဲ့အခါ ကြည့်ရှုသူ များပြားခဲ့ပါတယ်။

၆။ Fantastic Four

play

 

ယခုနှစ်ထဲမှာပဲ ရုံတင်ပြသခဲ့ပြီး ထင်ထားသလောက်တော့ ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေ မရခဲ့ပါဘူး။

၇။ Jurassic World

play

 

ပြန်လည် ဖွင့်လှစ်လိုက်တဲ့ Jurassic Park မှာ အထူးမျိုးစပ်ထားတဲ့ ဒိုင်နိုဆောကြီးရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အကြောင်းဖြစ်ပြီး အမြဲတမ်း ခပ်ဆိုးဆိုးကောင်တွေအဖြစ် မြင်ခဲ့ရတဲ့ raptor လို့ခေါ်တဲ့ သားစားဒိုင်နိုဆောလေးတွေကို ရဲဘော်ရဲဘက်အဖြစ်နဲ့ ရိုက်ကူးထားခဲ့တာပါ။ ယခင်ဇာတ်ကားတွေလိုပဲ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။

၈။ Spectre

play

 

ဂျိမ်းစ်ဘွန်းရဲ့ ဇာတ်ကားတိုင်းကတော့ ရုံတင်တိုင်း ကြည့်ရှုသူ များခဲ့ပါတယ်။ Spectre အဖွဲ့အစည်းအကြောင်း စုံစမ်းထောက်လှမ်းတဲ့ ဘွန်းရဲ့ ဇာတ်ကားကို အောက်တိုဘာလက ရုံတင်ပြသခဲ့တာပါ။

၉။ Deadpool

play

 

၂၀၁၆ မှ ရုံတင်ပြသမယ့် ဇာတ်ကား ဖြစ်ပါတယ်။ ဒါကလည်း Marvel ရဲ့ ဇာတ်ကောင်တစ်ဦး ဖြစ်ပါတယ်။

၁၀။ Kingsman : The Secret Service

play

 

သူ့ကိုတော့ ၂၀၁၄ ခုနှစ်တည်းက ရုံတင်ခဲ့တာပါ။ ၂၀၁၅ မှာ တစ်ကျော့ပြန် ခေတ်စားလာပြီး ကြည့်ရှုသူ များလာခဲ့ပါတယ်။ သူလည်းပဲ စပိုင်ဇာတ်ကား ဖြစ်ပါတယ်။

Source : IMDb

Photo : 4wallpaper

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ