Entertainment: ခင်ပွန်းဟောင်း ဘက်က ရပ်တည်ပေးခဲ့တဲ့ မက်ဒေါနား

တချို့ ကောလာဟလတွေ ငြိမ်သွားဖို့က ဆယ်စုနှစ်နဲ့ချီအောင် ကြာတတ်ကြပါတယ်။

play

 

လီဒန်နီရယ်စ်ကို အသရေဖျက်မှုနဲ့ တရားစွဲထားတဲ့ ရှောင်ပင်းရဲ့ အမှုမှာ ရှောင်ပင်းကို အားပေးတဲ့အနေနဲ့ မက်ဒေါနားက သူတို့ရဲ့ အဆင်မပြေလှတဲ့ အိပ်ထောင်သက်ကာလအတွင်းမှာ ရှောင်ပင်းဟာ သူမကို ကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့တာ လုံးဝမရှိခဲ့ဘူး လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

play

 

 “ကျွန်မတို့ရဲ့ အိမ်ထောင်သက် ကာလအတွင်းမှာ ဆိုးရွားတဲ့ ငြင်းခုန်မှုတွေ တစ်ခုမက ရှိခဲ့ပါတယ်။ ရှောင်က ဘယ်တော့မှ ကျွန်မကို မတိုက်ခိုက်ဘူး။ ကြိုးနဲ့တုတ်တာမျိုးလည်း မလုပ်ခဲ့ဖူးဘူး။ ကိုယ်ထိလက်ရောက်ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဖူးပါဘူး။ ဒီအပြုအမူနဲ့ လုံးဝခြားနားတဲ့ လုပ်ရပ်မျိုး သူလုပ်တယ်လို့ တိုင်ကြားတာက လုံးဝကို လက်ခံနိုင်စရာမရှိသလို ဒါက မလိုမုန်းထားခြင်းသာ ဖြစ်ပါတယ်။ အဓိပ္ပာယ်မရှိတဲ့ အမှားကြီးပါ” လို့ အဆိုတော် မက်ဒေါနားက နယူးယော့ခ် ပြည်နယ်တရားရု့းချုပ်မှာ ထွက်ဆိုခဲ့တာပါ။

play

 

ဒန်နီရယ်စ်က ရှောင်ပင်းကို The Hollywood Reporter နဲ့ အင်တာဗျူးတစ်ခုမှာ နှိပ်စက်ညှင်းပန်းတတ်သူအဖြစ် ပြောဆိုခဲ့တဲ့ အတွက် ရှောင်ပင်းက ဒန်နီရယ်စ်ကို ဒေါ်လာ ၁၀ သန်း လျော်ကြေးပေးဖို့ တရားစွဲဆိုထားပါတယ်။

 

Source & Photos : eonline.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ