Entertainment: ကေတီဟုမ်းက သမီးငယ်ကို ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပေး

တွမ်ခရုစ်ရဲ့ ဇနီးဟောင်း ကေတီဟုမ်းက သမီးငယ် ဆူရီလေးကို သမ္မတနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟီလာရီနဲ့ သမီး ချယ်လ်ဆီးတို့နဲ့ တွေ့ဖို့ ခေါ်သွားခဲ့တာပါ။

play

 

အသက် ၉ နှစ်အရွယ် ဆူရီခရုစ်ဟာ မေမေ ကေတီဟုမ်းနဲ့အတူ ဒီဇင်ဘာလ ၁၇ ရက်မှာ ဟီလာရီကလင်တန်၊ ချယ်လ်ဆီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

play

 

ကေတီဟုမ်းဟာ “အမေများနှင့် သမီးများ၊ ကျွန်မတို့ ဟီလာရီနဲ့အတူ ရှိနေတယ်” လို့ ရေးသားပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီနဲ့ အတူ တွဲရိုက်ထားတဲ့ ပုံကို အင်စထရာဂရမ်မှာ တင်ခဲ့ပါတယ်။

play

 

ဒီအဖြူအမည်း ဓာတ်ပုံကို ကေတီရဲ့ ၃၇ နှစ်ပြည့်မွေးနေ့ မတိုင်ခင် တစ်ရက်အလိုမှာ ရိုက်ကူးခဲ့တာပါ။

Source & Photos : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ