Entertainment: ခက်ခက်ခဲခဲ ဝယ်ယူရတဲ့ အဒဲလ်ရဲ့ ပွဲလက်မှတ်

အဒဲလ်ရဲ့ မြောက်အမေရိက ဖျော်ဖြေရေးခရီးစဉ်အတွက် လက်မှတ်တွေကို ဒီဇင်ဘာလ ၁၇ ရက် မနက်ခင်းမှာ ရောင်းချခဲ့တာ မိနစ်ပိုင်းအတွင်းမှာပဲ ရောင်းကုန်သွားခဲ့ပါတယ်။

play

 

လက်မှတ်တွေကို မနက် ၁၀ နာရီမှာ ရောင်းချခဲ့တာဖြစ်ပြီး ပရိသတ်တွေထဲမှာ လက်မှတ်မရလို့ စိတ်တိုတဲ့သူတွေ၊ ၄၅ မိနစ် တန်းစီလိုက်ရတဲ့အတွက် ဒေါသထွက်တဲ့သူတွေ ရှိနေခဲ့ပါတယ်။

play

 

ယင်းအတွက် ကြားပွဲစား လက်မှတ်ရောင်းသူတွေက မြင့်မားလှတဲ့ ဈေးနှုန်းတွေနဲ့ ပြန်လည်ရောင်းချတာတွေလည်း ရှိနေပါတယ်။

play

 

“ဒီလူတန်းကြီးမှာ ၃၄ မိနစ် တန်းစီခဲ့ရတယ်။ ဒီနေရာတင် သေသွားမလားပဲ” လို့ တွစ်တာမှာ တစ်ဦးက ရေးသားထားပါတယ်။

play

 

ငါးနှစ်အတွင်း အဒဲလ်ရဲ့ ပထမဆုံး နယ်လှည့်ဖျော်ဖြေမှုကို ဇူလိုင်လ ၅ ရက်မှာ စတင်မှာဖြစ်ပြီး လော့ဆန်းဂျလိစ်နဲ့ နယူးယော့ခ်မှာ ၆ ည ဖျော်ဖြေကာ နိုဝင်ဘာလ ၁၅ ရက်မှာာ မက္ကဆီကိုမြို့ကို သွားမှာ ဖြစ်ပါတယ်။

Source & Photos : The Wrap

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ