Entertainment: ဂယ်ဘဲ ဂယ်ဘဲ

, updated

ဇေရဲထက်နဲ့ သွန်းဆက်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ လူငယ်ကြိုက် ဟာသဇာတ်ကား ဖြစ်ပါတယ်။

play

 

တစ်ဦးတည်းသောသားမို့ အလိုလိုက်ထားပေမဲ့ ရည်းစားထည်လဲတွဲနေတာကိုတော့ အာကာနွေဦးရဲ့ မိဘတွေက သဘောမကျ ပါဘူး။ သူကလည်း သူပါပဲ။ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် တွဲနေပေမဲ့ မိန်းမယူဖို့အတွက်တော့ လက်တွန့်နေသူပါ။ ပြောမရတဲ့အဆုံး အာကာနွေဦးရဲ့ မိဘတွေက သားဖြစ်သူကို အသိမိတ်ဆွေရဲ့ သမီးနဲ့ ပေးစားဖို့ ကြံပါတော့တယ်။

မိန်းမ မယူချင်တဲ့ အာကာနွေဦးက လူကြီးချင်း သဘောတူထားတဲ့ မြဝတ်ရည်ချက်ကြီးနဲ့ လက်မထပ်ရအောင် သူ့ဦးလေးပေးတဲ့ အကြံအတိုင်း ခပ်နွဲ့နွဲ့နဲ့ အလှအပ အရမ်းကြိုက်သူအဖြစ် ဟန်ဆောင်ပါတော့တယ်။ ဒါ့အပြင် မြဝတ်ရည်ချက်ကြီးရဲ့ ယောက်ျား လေးသူငယ်ချင်းတွေကိုလည်း အထာတွေပေးပြီး မြှူဆွယ်ပါသေးတယ်။

အာကာနွေဦးတစ်ယောက် မြဝတ်ရည်တို့ဘက်ကငြင်းအောင် ဘယ်အတိုင်းအတာအထိ ဆက်လုပ်မလဲဆိုတာ ဂယ်ဘဲ ဂယ်ဘဲ ဇာတ်ကားထဲမှာ ကြည့်ရမှာပါ။ အာကာနွေဦးအဖြစ် ဇေရဲထက်၊ မြဝတ်ရည်ချက်ကြီးအဖြစ် သွန်းဆက်တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။

 

Source : 7 Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ