Entertainment: တက်တူးတွေ ကြွားလုံးထုတ်တဲ့ မိုင်လီရဲ့အကို ထရေ့စ်

, updated

မိုင်လီ ဆိုင်းရပ်စ်ရဲ့ အကိုဖြစ်သူ ထရေ့စ် ဆိုင်းရပ်စ်က အင်္ကျီဝတ်မထားဘဲ သူ့ရဲ့ တက်တူးအပြည့်နဲ့ ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်ခန္ဓာကို အင်စတဂရမ်မှာ လွှင့်တင် ပြသပြီး ကြွားလုံးထုတ်လိုက်ပါတယ်။

play
အင်စတာဂရမ်မှာ လွှင့်တင်ခဲ့တဲ့ ထရေ့စ်ဆိုင်းရပ်စ်ရဲ့ ဓာတ်ပုံ

 

Metro Station ပေါ့ပ် ဂီတအဖွဲ့မှ ဂစ်တာသမား ထရေ့စ်က ကိုယ်ခန္ဓာမှာ တက်တူး အပြည့်ထိုးထားတဲ့အပြင် ဦးခေါင်းနဲ့ မျက်နှာမှာလည်း တက်တူးထိုးထားပါတယ်။

play
ထရေ့စ်ရဲ့ မျက်နှာ၊ ဦးခေါင်းနဲ့ လည်ပင်းမှ တက်တူးအချို့

 

အသက် ၂၆ နှစ်အရွယ် ထရေ့စ်နဲ့ မိုင်လီတို့က အမေတူ အဖေကွဲ မောင်နှမတွေ ဖြစ်ပါတယ်။ ထရေ့စ်ရဲ့ ချစ်သူက မင်းသမီး ဘရန်ဒါဆောင်း ဖြစ်ပြီး သူတို့နှစ်ဦးဟာ ၂၀၁၀ ခုနှစ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။

play
ထရေ့စ်နဲ့ မိုင်လီ မောင်နှမ

 

ချစ်သူတွေဖြစ်ပြီး နောက်နှစ် ၂၀၁၁ ခုနှစ်မှာ စေ့စပ်ခဲ့ကြပေမဲ့ လက်မထပ်ဖြစ်မီ လမ်းခွဲခဲ့ကြပါတယ်။ ယခုနှစ် အစောပိုင်းမှာတော့ ထရေ့စ်နဲ့ ဘရန်ဒါတို့ ပြန်တွဲနေတယ်လို့ ဆိုပါတယ်။

play
ထရေ့စ်နဲ့ သူ့ရဲ့ချစ်သူ ဘရန်ဒါဆောင်း

 

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ