Entertainment: ၂၀၁၅ ရဲ့ အကောင်းဆုံး အယ်လ်ဘမ် (၅) ခု

, updated

ဒီဇင်ဘာလရဲ့ တတိယပတ်ထဲအရောက်မှာ ၂၀၁၅ ခုနှစ်ရဲ့ အကောင်းဆုံး သီချင်းအယ်လ်ဘမ်စာရင်းတွေ ထွက်ရှိလာပါပြီ။

 (၁) ကန်ဒရစ် လမ်မာရဲ့ To Pimp a Butterfly

play

 

ညစ်ပတ်တဲ့ နိုင်ငံရေး၊ လူမျိုးရေး မမျှတမှုနဲ့ ကန်ဒရစ်ရဲ့ စိတ်ပင်ပန်းမှုကို ဖော်ပြနေတဲ့အသံတို့က ဒီဟစ်ဟော့တေး အယ်လ်ဘမ်ကို အကောင်းဆုံး ဖြစ်စေခဲ့ပါတယ်။

 (၂) အဒဲလ်ရဲ့ 25

play

 

၂၀၁၅ ရဲ့အကောင်းဆုံး အယ်လ်ဘမ်စာရင်းထဲမှာ အဒဲလ်ရဲ့ 25 ပါလာမယ်ဆိုတာ အားလုံး သိပြီးသားနေမှာပါ။

 (၃) ဒွန်ဟန်လေရဲ့ Cass County

play

 

ကမ်းထရီးလား၊ ရော့ခ်လား၊ American roots ဂီတလား၊ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ Eagles ဓာတ်ပြားလား။ အားလုံး ဟုတ်ပါတယ်။ အသက် ၆၈ နှစ်မှာ နာမည်ကျော် ဒွန်ဟန်လေက သူ့ရဲ့ ကြည်လင်လှတဲ့ တက္ကဆက်လေသံနဲ့ ဘဝနဲ့ အချစ် ကို ဖော်ညွှန်းထားတာပါ။

 (၄) ရိုင်ယန် အဒမ်စ်ရဲ့ 1989

play

 

တေလာဆွစ်ရဲ့ ၁၉၈၉ လို လှုပ်ခါလို့ မရပေမဲ့ ရိုင်ယန်ရဲ့ ချိုလွင်တဲ့ အသံနဲ့ ဒီအသံခွေဟာ ၂၀၁၅ ခုနှစ်ရဲ့ အကောင်းဆုံး အယ်လ်ဘမ်စာရင်းထဲမှာ နေရာယူနိုင်ခဲ့ပါတယ်။

(၅) ဂျက်စတင်ဘီဘာရဲ့ Purpose

play

 

လူကြိုက်များလှတဲ့ What Do you Mean? နဲ့ Sorry တို့ ပါဝင်တဲ့  နိုဝင်ဘာလရဲ့ ဂျက်စတင်ရဲ့ Purpose အယ်လ်ဘမ်က လည်း ရောင်းအားအကောင်းဆုံးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

 

Source & Photos : US Magazine

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ