Entertainment: ကယ်လီ ကလက်ခ်ဆန်က အမြွှာပူး မွေးမှာလား

, updated

ရေဒီယိုအစီအစဉ်မှူးတွေနဲ့ သူမရဲ့ ဒုတိယကိုယ်ဝန်အကြောင်း ဆွေးနွေးနေစဉ်မှာ ကယ်လီ လွှတ်ခနဲ ထွက်သွားတဲ့ စကားတစ်ခွန်းပါ။

play

 

“ဒီကလေးတွေ ထွက်လာတာနဲ့ ကျွန်မ ဘယ်နေရာမဆို သွားမယ်” လို့ သူမက ပြောခဲ့တာပါ။

play

 

ကလေးတွေ ဆိုတော့ တစ်ယောက်ထက် ပိုနေတာလား။ ရုပ်သံအစီအစဉ်မှူးနှစ်ယောက်က သူမကို အသေးစိတ် ထပ်မံမေးခဲ့ပေမဲ့ ကလက်ခ်ဆန်က ရယ်ပြီး စကားလွှဲသွားခဲ့ပါတယ်။

play

 

နိုဝင်ဘာလ ၇ ရက်မှာ အဆိုတော် ကလက်ခ်ဆန်က သူ့ရဲ့ သမီးလေး ရေဗာက မောင်လေးရတော့မယ်လို့ အင်စတဂရမ်မှာ ရေးသားခဲ့ပါတယ်။

မောင်လေးတွေများ ဖြစ်နေမလား။

play

 

ဒီကိုယ်ဝန်ကို ဆောင်ရတာ ပထမကိုယ်ဝန်ထက် ပိုပြီး ပင်ပန်းတယ်လို့လည်း အဲဒီအင်တာဗျူးမှာ သူမ ဝန်ခံစကားပြောသွား ခဲ့ပါတယ်။

 

Source & Photos : radio.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ