Entertainment: အကောင်းဆုံး ညနေခင်း ပွဲတက်ဝတ်စုံ စာရင်းမှာ မြန်မာ နံပါတ်တစ်ချိတ်

, updated

နောက်ဆုံးပြိုင်ပွဲကြီးမှာ နောက်တစ်ကြိမ် ခြေချော်တာမျိုး မဖြစ်ဘဲ မြင်ရဖို့ မျှော်လင့်ပါတယ်လို့ ရွေးချယ်တဲ့အဖွဲ့အစည်းက ရေးသားထားပါတယ်။

play

 

လတ်စ်ဗီးဂတ်မှာ ပြုလုပ်နေတဲ့ Miss Universe 2015 ပြိုင်ပွဲကြီးမှာ မေဘရဏီသော်က ထိပ်ဆုံးမှာ နေရာယူလိုက်ပါပြီ။

ညနေခင်းပွဲတက်ဝတ်စုံနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲမှာ ဟန်ချက်ပျက်ပြီး ခြေချော်သွားတဲ့ မြန်မာ့အလှမယ် မေဘရဏီသော်က အကောင်းဆုံး ညနေခင်းပွဲတက်ဝတ်စုံ ၁၀ ဦးရဲ့ စာရင်းမှာ နံပါတ် တစ် နေရာကို ရရှိသွားပါတယ်။ ကမ္ဘာကျော် အလှမယ်ရွေးချယ်ရေး အဖွဲ့အစည်းဖြစ်တဲ့ The Great Pageant Community က ရွေးချယ်လိုက်တာပါ။

အဆိုပါ အလှမယ်ရွေးချယ်ရေးအဖွဲ့က ပြိုင်ပွဲဝင် အလှမယ်တွေရဲ့ တင်ဆက်မှုကို စောင့်ကြည့်လေ့လာပြီးတဲ့နောက် အကောင်းဆုံး ၁၀ ဦး စာရင်းကို ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။ The Great Pageant Community ရဲ့ ဝက်ဘ်ဆိုက်က " မြန်မာအလှမယ်ကို ပထမနေရာ ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပေမဲ့ အခုတော့ ပထမနေရာပေးလိုက်ပါ ပြီ။ မြန်မာ့အလှမယ် မေဘရဏီသော် ဟာ ခြေချော်ကျခဲ့တာတောင်မှ သူမရဲ့ဝတ်စုံလေးနဲ့ ခေါင်းအစခြေအဆုံး ပြီးပြည့်စုံစွာ လှပနေပါတယ်လို့ ရေးသားဖော်ပြထား ပါတယ်။ ညနေခင်းပွဲတက်ဝတ်စုံနဲ့ လျှောက်လမ်းရင်း ခြေကျော်သူတွေထဲမှာ ချက်ခြင်းပြန်ထပြီး မူလအနေအထားရောက်အောင် အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့သူအဖြစ် မယ်စကြဝဠာသမိုင်းမှာ မှတ်တမ်းတင်သွားပါတယ် " လို့ ချီးမွမ်းရေးသားထားပါတယ်။

အကောင်းဆုံး ညနေခင်းပွဲတက်ဝတ်စုံ ၁၀ ဦး

၁။ မြန်မာ

၂။ ဗီယက်နမ်

၃။ ကိုဆိုဗို

၎။ ဒိုမီနီကန်

၅။ ဖိလစ်ပိုင်

၆။ ဘရာဇီး

၇။ ဗြိတိန်

၈။ ထိုင်း

၉။ အိန္ဒိယ

၁၀။ ကိုလံဘီယာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ