Entertainment: နှစ်လေးဆယ်မှ တစ်ခါပြန်တွေ့ရတဲ့ အီရတ်အလှမယ် ပြိုင်ပွဲ

, updated

အီရတ်လိုနိုင်ငံမျိုးမှာ အမျိုးသမီး အလှမယ်တစ်ဦးကို မြင်ရဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

play

 

အီရတ်လို ဘာသာရေးအစွန်းရောက်တဲ့ နေရာမျိုးမှာ ကိုယ့်ရဲ့အလှအပကို ဖော်ပြခွင့်ရတဲ့ အလှမယ်ပြိုင်ပွဲဝင်ဖို့ဆိုတာ တော်ရုံ အမျိုးသမီးတွေ စိတ်ကူးရဲတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ အီရတ်မှာ လုပ်နေတဲ့ အလှမယ်ရွေးချယ်ပွဲကြီးကို အမျိုးသမီး ၁၅၀ လောက်ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။

play

 

ဒါဟာ အီရတ်နိုင်ငံသမိုင်းမှာတော့ နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံးပါပဲ။ ပြည်တွင်းလူမျိုးစု ခေါင်းဆောင်တွေကလည်း ဒီပြိုင်ပွဲကို အကြီးအကျယ်ကန့်ကွက်နေကြတာပါ။ ပြိုင်ပွဲဝင် အလှမယ်တွေ အနေနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရ တာတွေတောင် ရှိပြီး အခုဆို ပြိုင်ပွဲဝင်နှစ်ဦး နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

play

 

အခုအရွေးခံနေကြတဲ့ အီရတ်အလှမယ် တစ်ရာကျော်ထဲက အလှမယ်ဆယ်ဦးဟာ အီဂျစ်နဲ့ ထိုင်းမှာလုပ်မယ့် အလှမယ် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရကြမှာပါ။

play

 

နိုင်ငံတကာက သိခဲ့တဲ့ နောက်ဆုံး အီရတ်အလှမယ်ကတော့ ၁၉၇၂ ခုနှစ်တုန်းက ဖြစ်ပြီး ဘူရန်အယ်လ်ဒင်းန် လို့ ခေါ်ပါတယ်။

 

Source : msn

Photos : daily bhaskar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ