Entertainment: ခရစ်ဘရောင်းကို ပြောင်းလဲခဲ့တဲ့ သမီးလေး

ခရစ်ဘရောင်းအတွက် သမီးငယ်လေးက ဘဝပါပဲ။ သမီးလေး ရိုင်ရယ်တီက သူ့ကို ရုတ်တရက် အပြောင်းလဲကြီး ပြောင်းလဲစေခဲ့ပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ် ခရစ်ဘရောင်းဟာ သမီးလေး သူ့ဘဝထဲကို ရောက်ရှိချိန်ကစပြီး သမီးအတွက် မှန်ကန်တဲ့အရာ တွေကိုပဲ လုပ်ဖို့ ကြိုးစားနေပါတယ်။

play

 

အခုဆိုရင် သူက သမီးလေးအတွက် ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ တာဝန်ရှိတယ်လို့ ယူဆပြီး ပြောင်းလဲမှု ကြီးကြီးမားမားတွေ လုပ်လိုက်ပါပြီ။

play

 

ခရစ်ဟာ အဆိပ်ငွေ့တွေကို သမီးလေး မရှူရှိုက်စေချင်တဲ့အတွက် ဆေးလိပ်ဖြတ်လိုက်ပါပြီ။ ဒါအပြင် နောက်ထပ် အကြောင်းပြချက်က ရိုင်ရယ်တီလေး မိသားစုဘဝကို တည်ဆောက်တဲ့အထိ သူ အသက်ရှည်ရှည် နေချင်လို့ပါတဲ့။

play

 

တကယ်တော့ ဖြတ်ဖို့ခက်ခဲလှတဲ့ ဆေးလိပ်တင် မကပါဘူး။ ခရစ်ဟာ ကလပ်တွေနဲ့ အရက်သောက်ဖို့ သွားမယ့်အစား သမီးလေးနဲ့အတူ ပန်းခြံတွေနဲ့ တိရစ္ဆာန်ဥယျာဉ်ကို သွားဖို့ အချိန်ပေးလိုက်ပါပြီ။

အရမ်းကို ချစ်ဖို့ကောင်းပါတယ်။

play

 

“သစ်ကုလားအုပ်တွေက သူနဲ့ ရိုင်ရယ်တီတို့ရဲ့ နာမည်နဲ့ ရုပ်တွေကို မှတ်မိနေပြီ။ တကယ်ပြောတာ” လို့ ခရစ်ရဲ့ အကြောင်းကို သတင်းပေးသူက ပြောခဲ့ပါတယ်။

play

 

ရိုင်ရယ်တီရှိစဉ်မှာ အိမ်ထဲကို မိန်းမတွေ ခေါ်မလာချင်တဲ့အတွက် လိင်ကိစ္စကိုလည်း ရပ်လိုက်ပါသတဲ့။ လေးစားစရာကောင်းတဲ့ ခရစ်ဘရောင်းပါပဲ။

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ