Entertainment: တင်တု မတပ်ကြောင်း အမ်ဘာရို့စ် ငြင်း

အမ်ဘာရို့စ်ဟာ ဒီဇင်ဘာလ ၁၆ ရက်က သားနဲ့အတူ အပြင်ထွက်လည်စဉ် သူမဝတ်ထားတဲ့ အသားကပ်ဘောင်းဘီအောက်မှာ တင်တု ဝတ်ထားသယောင် မြင်ခဲ့ရပါတယ်။

play

 

ဒါပေမဲ့ အဲဒါ မဟုတ်ပါဘူးလို့ အသက် ၃၂ နှစ်အရွယ် အမ်ဘာရို့စ်က ငြင်းဆန်ခဲ့ပါတတယ်။

play

 

တကယ်တော့ သူမဟာ တစ်ကိုယ်လုံးအပြည့် အားကစားဝတ်စုံ ဝတ်ထားခဲ့တာပါလို့ ရှင်းပြခဲ့ပါတယ်။

play

 

 “ကျွန်မ တင်တု တပ်ထားတာ မဟုတ်ပါဘူး။ အဲဒါက မိန်းမတွေရဲ့ အဓိကအစိတ်အပိုင်းတွေနေရာမှာ လိုင်နင်အထူတပ်ထားတဲ့ ကိုယ်လုံးပြည့် အားကစားဝတ်စုံပါ။ ကျွန်မ လေ့ကျင့်ခန်းလုပ်ချိန်မှာ ဝတ်လေ့ရှိပါတယ်။ အဲဒါကို ဝတ်ထားရင် ကျွန်မအရေပြားကို တင်းရင်းစေပြီး ချွေးပိုထွက်စေလို့ပါ” လို့ အင်စထရာဂရမ်မှာ သူမက ရေးသားထားပါတယ်။

Source & Photos : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ