Entertainment: အဒဲလ် ဘာလို့ ဆေးလိပ်ဖြတ်

အဒဲလ်က သူမ ဆေးလိပ်ဖြတ်လိုက်ရတဲ့ အကြောင်းရင်းကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

play

 

သူမဟာ ဆေးလိပ်အလွန်အကျွံသောက်တဲ့သူ ဖြစ်တဲ့အတွက် အသက်အန္တရာယ်ဖြစ်မှာ ကြောက်လို့လို့ အဆိုတော် အဒဲလ်က ပြောပါတယ်။

play

 

 “ဆေးလိပ်ဆက်သောက်နေရင် ဆေးလိပ်နဲ့ ဆက်နွှယ်တဲ့ ရောဂါတစ်ခုခုနဲ့ ကျွန်မ သေနိုင်တယ်။ အဲဒီလို ဖြစ်ရင် တော်တော်ဆိုးမယ်လို့ ထင်မိတယ်” လို့ သူမက ဆိုပါတယ်။

play

 

ကလေးတစ်ယောက်ရဲ့ မိခင် အဒဲလ်ဟာ တစ်နေ့ကို စီးကရက် ၂၅ လိပ် သောက်တယ်လို့ သိရပြီး ၂၀၁၁ ခုနှစ်က အသံပျောက်သွားတဲ့အတွက် ပွဲတွေ ဖျက်လိုက်ရပါသေးတယ်။

play

 

ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက်မှာ ဆေးလိပ်သောက်တာမရပ်ရင် သူမရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ရပ်လိုက်ရလိမ့်မယ်လို့ ဆရာဝန်တွေက အဒဲလ်ကိုပြောခဲ့ပါတယ်။

Source & Photos : OK

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ